Intro 🍁

42.6K 1K 58
                                    

Unicode

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...

ဒါလေးက‌‌ ချိန်းချိန်းရဲ့ 6ပုဒ်မြောက်ဖြစ်လာမယ့်
ကျေးလက်ficလေးတစ်ပုဒ်ပါဗျ
ချိန်းချိန်း မေမေရဲ့ ဇာတိဖြစ်တဲ့ အရာတော်မြို့နယ်ထဲမှာရှိတဲ့ လှည်းချောင်းကူးဆိုတဲ့ ရွာလေးပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်
အဲ့ဒီရွာလေးက လျှပ်စီးမီးမရ wifi မရ internet လိုင်းမကောင်းတဲ့ ရွာသေးသေးလေးဆိုပေမယ့်
ချိန်းချိန်းရဲ့ ငယ်ဘဝ နွေရာသီကျောင်းပိတ်ရက်တိုင်း
အလည်အပတ်သွားရင်း ပျော်ရွှင်စွာကစားခဲ့ရတဲ့ ရွာလေးပါ..
တောသူတောင်သားတွေက အင်မတန်ရိုးသားပြီး ရိုးစင်းကြပါတယ်..

အခု ဒီfic လေးကို စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေလို့ ပေးဖြစ်ခဲ့တာက
ကမ္ဘာတစ်ဝန်းလုံး ဆန်ရေစပါး ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းအောင်မြင်ပြီး နုနယ်ပျိုမျစ်တဲ့အရွယ်ကစလို့ သန်မာထွားကြိုင်းသည့်အရွယ်ထိ ပန်းပေါင်းစုံလေးတွေ လှလှပပ ပွင့်ဖူးနိုင်ပါစေဆိုတဲ့ သဘောလေးနဲ့ ပေးဖြစ်ခဲ့တာပါ...
ထိုပန်းလေးတွေက လိင်ရယ်လို့မရှိဘဲ တန်းတူ ညီတူ ပွင့်လန်းနိုင်ခွင့်ရဖို့ ချိန်းချိန်း မျှော်လင့်ပါတယ်...

ဒီfic လေးထဲမှာတော့ လှတောသူလေးက ယောင်နောက်ဆံထုံးပါဆိုသလိုပဲ လှည်းချောင်းကူးသားနဲ့အိမ်ထောင်ကျပြီး လှည်းချောင်းကူးကို လိုက်ပါလာပါတယ်..
လှတောသားတွေရဲ့ စကားကြွယ်ဝမှုကို ဘိုးဘွားတွေဆီက ဆက်ခံခဲ့သလား အောက်မေ့ရတဲ့ သားရတနာလေးတစ်ယောက် မွေးဖွားခဲ့ပြီးနောက်
ထိုကလေးရဲ့ ငမွှေထိုးမှု မျိုးစုံကြိုးခုန်နှင့်အတူ
ရွာလေး၏ အလွဲပေါင်းများစွာကိုတွေ့ရမှာဖြစ်ပါတယ်...

မိဘတွေစိတ်တိုင်းကျ နေပေးခဲ့ပြီး စေ့စပ်ပွဲတစ်ခါပျက်ခဲ့ဖူးသူ မျက်နှာတည်ပြီး သူ့ဘာသာ အေးဆေးတည်ငြိမ်စွာ တစ်ယောက်ထဲနေတတ်သော်လည်း ငမွှေထိုးနှင့်တွေ့မှ မတည်ငြိမ်နိုင်တော့တဲ့ သုံးနှစ်ကွာတဲ့ လူပျိုကြီးမရောက်တရောက်ရဲ့ နည်းနည်းလေးတော့ လွဲနေတဲ့ပုံစံလေးတွေကိုလည်း တွေ့ရမှာပါ...

အခုချိန်ထိ လျှပ်စစ်မီးမရသေးတဲ့ ရွာလေးမို့
ချိန်းချိန်းက အေးချမ်းတိတ်ဆိတ်လှတယ် 2000ခုနှစ်များဆီကို ပြန်ခေါ်သွားချင်ပါတယ်..
ဒီfic လေးကိုဖတ်ပြီး ခဏလောက်ဖြစ်ဖြစ် စိတ်အပန်းပြေရင် ကျေနပ်တာမို့
စိတ်ဝင်စားရင် အတူတူလိုက်ပါပေးကြပါဦး‌ဗျာ...

CHANGE 🍁

Zawgyi







CHANGE 🍁

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now