Chapter 55

466 67 0
                                    

👾Chapter 55
[ ဤမျှ ရှင်းရှင်းလင်းလင်း မဖြစ်‌ဖူးပေ ]

ယာယီအမှတ်အသားတစ်ခုသာဖြစ်သည်မှာ ထင်ရှားသော်လည်း ၎င်းက နှစ်ယောက်စလုံးအတွက် ပထမဆုံးအကြိမ်ဖြစ်နေရာ အလွန်တရာအရေးကြီး၍ အလွန့်အလွန်ကြာရမြင့်လေသည်။

လင်းဟန်မှာ အနွေးဓာတ်ကို တောင့်တနေသည့်နှင်းလူသားက  ကြည်လင်လန်းဆန်းသည့်နွေဦးစမ်းချောင်းလေးအတွင်း ပျော်၀င်သွားသကဲ့သို့ တစ်ဖက်သူ၏ဖယ်ရိုမုန်းများကြား နှစ်မျောသွားခဲ့သည်။ ဆဲလ်များအားလုံးက အော်ဟစ်တုန်လှုပ်နေကြပြီး သူ၏ခြေလက်များကို မထိန်းချုပ်နိုင်တော့ချေ။ ယခင်က သူ့အား အလုံးစုံ ရစ်ပတ်ရှုပ်ထွေးစေခဲ့သည့် ပူပြင်းခြောက်သွေ့ခြင်းများသည် လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီး ဟယ့်ယွင်ထင်၏သစ်မွှေးရနံ့နှင့် အစားထိုးခံလိုက်ရသည်။ တစ်ဖက်သူသည် ယခုတောင်မှ ချုပ်ထိန်းနေဆဲဖြစ်ကာ သူ့ဖယ်ရိုမုန်းများကို လင်းဟန်အား အလွန်အမင်းဖိနှိပ်ခွင့်မပြုချေ။

ခြေဖဝါးအောက်မှ မြက်ခင်းနုနုနှင့် ကိုယ်ပေါ်သို့ဖြာကျနေသည့်နေရောင်ခြည်က လင်းဟန်အား အိပ်မက်တစ်ခုထဲ ကျရောက်သွားသကဲ့သို့ ခံစားစေသည်။

ထို့အပြင် ဟယ့်ယွင်ထင်က သူ တောင်းဆိုခဲ့သည့်ပွေ့ဖက်မှုကို သတိရဆဲဖြစ်သဖြင့် လက်ဆန့်ကာ လင်းဟန်၏ခါးကို ဖမ်းဆုပ်၍ လွယ်လင့်တကူ လက်မောင်းများကြားထဲသို့ ဆွဲယူကာ လက်တစ်ဖက်က သူ့ကျောပြင်ကို ဖိထား၏။ ဟယ့်ယွင်ထင်သည် သူတို့နှစ်ယောက်၏ဖယ်ရိုမုန်းများ မည်မျှကောင်းမွန်စွာ ကိုက်ညီနေသည်ကို မသိသော်လည်း  လင်းဟန်က သူ၏ဖယ်ရိုမုန်းများ ထည့်သွင်းမှုကို သည်းခံကာ အရာအားလုံးကို လက်ခံရင်း ပုခုံး‌ပေါ်တွင် နာခံစွာ မှီခိုနေသည်ကို ခံစားရမိသည်။

နှစ်ယောက်စလုံးသည် လှေတစ်စီးထဲတွင်ဖြစ်ကြပြီး လှိုင်းတစ်ခုစီက တူညီစွာဖြင့် ရိုက်ခတ်နေသည်။

လင်းဟန်၏ခန္ဓာကိုယ်က အမှတ်အသားပြုမှုထဲ နစ်မြုပ်သွားသည့်ချိန်တွင် စဉ်းစားတွေးခေါ်နိုင်စွမ်းမှာ နစ်မြုပ်ခြင်းမှ နိုးထလာသည်။ သူက ဂလင်းပေါ်သို့ ကျရောက်လာသည့်တစ်ဖက်သူ၏နှုတ်ခမ်းအထိ‌အတွေ့ကို ခံစားရပြီး ဟယ့်ယွင်ထင်၏လည်ပင်းမှ သူ့လက်များကို လွှတ်ချပစ်ရန် ဆန္ဒမရှိပေ။ သို့သော် မဝံ့မရဲဖြင့် ပါးလွှာစွာအ၀တ်ဖြင့် ဖုံးအုပ်ခံထားရသည့်လည်ပင်းမှ အပေါ်သို့ တက်သွားလိုက်ရင်း လည်ပင်းဘေးနားရှိ အရေပြားကို ထိတွေ့လိုက်သည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now