👾Chapter 54
[ နွေးထွေးမှုလေးတစ်ခုရရှိရန်အတွက် တစ်ဖက်သား၏နှလုံးသားထဲတွင် အရည်ပျော်သွားရန်ပင် ဆန္ဒရှိနေသည် ]ဆင့်ကဲပြောင်းလဲမှုအဆင့်နိမ့်သည့် အချို့သောဇီ၀မျိုးကွဲသတ္တဝါများသည် လူသားများ၏ဖယ်ရိုမုန်းများနှင့်ပတ်သက်၍ တုံ့ပြန်မှုအလွန်မြင့်မားကြပြီး ပုံမှန်အားဖြင့် အလွန်ဂျီးများတတ်ကြသည်ဟူသော တခြားသူများ၏စကားများကို ဟယ့်ယွင်ထင် ကြားခဲ့ရဖူးသည်။
၎င်းတို့နှစ်သက်သည့်ဖယ်ရိုမုန်းရနံ့ကို ရရှိသည့်အချိန်တွင် အနားကပ်ရန် ကြိုးစားကြမည်ဖြစ်သော်လည်း မနှစ်သက်သည့်ဖယ်ရိုမုန်းရနံ့ကို ရရှိသည့်အခါတွင်မူ ၎င်းတို့၏တိုတောင်းသော်ငြား ချွန်ထက်လှသည့်လက်သည်းများကို အသုံးပြုကာ ထိုလူသားအား ကုတ်ခြစ်လိမ့်မည်။
ထို့ကြောင့် မူလအစကတည်းက ၎င်းသည် ဟင်းဟန်အား သူ၏နှစ်သက်မှုကိုပြသနေခဲ့သည်။ ကနဦးကတည်းက အရိပ်အမြွက်များရှိနေခဲ့သော်လည်း ယခုအချိန်တွင် ထိုမေးခွန်းများကို သူ မစဉ်းစားနိုင်တော့ပေ။
သူရှေ့မှ အိုမီဂါသည် မမြင်ရနိုင်သည့်နာကျင်မှုကိုခံစားနေရကာ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းနေသော်လည်း ကြည်လင်သန့်စင်သည့် အနက်ရောင်မျက်၀န်းများကိုမူ မြင်တွေ့နိုင်သေးသည်။
သူ့အသားအရေပေါ်တွင် ပုံမှန်မဟုတ်သည့်နီမြန်းမှုများရှိနေပြီး ဟယ့်ယွင်ထင်သည် ပူပြင်းလှသည့်ထွက်လေကိုတောင် ခံစားနိုင်ကာ လည်ပင်းနောက်မှ ပါးလွှာသည့်အရေပြားကို မှန်းဆကြည့်နိုင်သည်။
M2742သည် သူ၏ကိုယ်ပိုင်မက်ခါဖြစ်ကာ ပြုပြင်ရန်မှလွဲ၍ မည်သူ့ကိုမှ တက်ခွင့်မပြုခဲ့ဖူးချေ။ ထို့ကြောင့် ၎င်းထဲတွင် တားဆေးများရှိနေရန်မှာ မဖြစ်နိုင်ပေ။
" လင်းဟန် "
သူက တစ်ဖက်သူ၏နာမည်ကို ခေါ်လိုက်သည်။
" အဆင်ပြေရဲ့လား "
သို့သော် မေးလိုက်မိသည်နှင့် ဟယ့်ယွင်ထင်က ချက်ချင်း သူ့ပါးစပ်ကိုပိတ်လိုက်သည်။

YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း