👾Chapter 53
ကူးလင်းဟန်က မက်ခါ၏ ပျက်စီးမှုအခြေအနေနှင့် နှိုင်းယှဥ်ကြည့်လိုက်သည်။ "ဒီအပိုင်းလောက်ဆို ပြန်ဖာဖို့ လုံလောက်ပါပြီ"
ဟယ့်ယွင်ထင် ပြောလိုက်သည်။ "ကောင်းပြီလေ" ထို့နောက် နှစ်ယောက်သား ပြန်ရန် ပြင်လိုက်ကြသည်။
လင်းဟန် ပြန်လှည့်တော့မည် အပြုတွင် မနီးမဝေးတစ်နေရာမှ သဲဝါများက ထူးဆန်းစွာ လှုပ်ရှားနေကြောင်း တွေ့လိုက်ရသည်။ ယင်းနေရာ၌ တစ်စုံတစ်ခု ရှိနေသည့်အလားပင်...
နောက်ထပ် ဇာဂ့်များဖြစ်နေသည်လားဟု မသိစိတ်အရ တွေးလိုက်မိချိန်တွင် စကားဟတော့မည်အပြု အမည်းရောင် အလုံးလေးတစ်လုံး လှိမ့်လာခဲ့ပြီး လင်းဟန်၏ ခြေထောက်အနားတွင် ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။
“…” ထိုအရာလေးက ချစ်စရာကောင်းပြီး အန္တာရယ် ရှိပုံမရသဖြင့် ဇာဂ့် မဖြစ်နိုင်လောက်ပေ။
အနားသို့ ကပ်လာသည့်အခါမှသာ လင်းဟန်တစ်ယောက် ၎င်း၏ အသွင်အပြင်ကို တွေ့လိုက်ရသည်။
ထိုအရာလေးက မဲနက်နေပြီး လင်းဟန်၏ ခြေထောက်နားတွင် ရပ်သွားသောအခါ ကိုယ်လေးကို ခါလိုက်ပြီး အမွှေးများပေါ်မှ သဲများကို ခါထုတ်လိုက်သည်။
ထို့နောက် လက်တံတိုလေးကို ဆန့်ထုတ်ကာ လင်းဟန်၏ ဘောင်းဘီစကို ဆွဲလိုက်လေသည်။
"ဒါဘာလေးလဲ" နယ်ခြားဒေသသို့ တစ်ခါမှ မရောက်ဖူးသည့် လင်းဟန်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။
သူသာ အသေအချာမကြည့်မိပါက အမည်းရောင် အမွှေးလုံးလေးတစ်လုံးဟုသာ ထင်ရသည်။ ခြေတံလက်တံလေးများက တိုတိုလေးဖြစ်ပြီး လင်းဟန်ထံ ယိုင်တိယိုင်တိုင်ဖြင့် ပြေးလာနေသည်။ အားဖြင့် လှိမ့်လာရသည်က ခြေဖြင့်လှမ်းလာရသည်ထက် ပို၍ လွယ်ကူသည့်အလားပင်။ ထိုအရာလေးက အမှန်ပင် အန္တရာယ် မရှိပုံပေါ်ပြီး လင်းဟန် ညစ်ပေသွားမည်ကိုပင် စိုးရိမ်နေသည့်အလား ကိုယ်ပေါ်မှ ဖုန်များကို အားပြင်းပြင်းဖြင့် လွှဲခါလိုက်ပြီးနောက် အမွှေးနုနုလေးများအကြား ဖုံးကွယ်နေသဖြင့် မမြင်ရလုနီးပါး ဖြစ်နေသော မျက်လုံးနက်နက်ကလေးများဖြင့် ချောင်းကြည့်လာလေသည်။

YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း