Chapter 51

294 52 1
                                    

👾Chapter 51
စကြဝဠာထဲက ဖုန်မှုန့်​တွေအားလုံးကို ခြေရာခံနိုင်ခဲ့ရင်...

လင်းဟန်မှာ ရယ်ချင်ပက်ကျိ ဖြစ်သွား​လေသည်။ ယခင်က ထိုကဲ့သို့​သော ဟန်​ဆောင်ပန်​ဆောင် စိတ်ထားမျိုး မရှိဖူးခဲ့​ပေ။ မသေမချာဖြစ်​နေသည်ဟု ခံစား​နေရဆဲ ဖြစ်​သော်ငြား  တစ်ဖက်လူ၏ အ​တွေးများကို  ရှင်းရှင်းလင်းလင်းကြားနိုင်သည် ဟူသည့်အချက်ကား ထည့်​​ပြောရန်ပင် မလို​ခဲ့။

သို့​သော်ငြား ဟယ့်ယွင်ထင်ကမူ ယခုကဲ့သို့ပင် အကြိမ်တိုင်းတွင် သူ့အနားသို့ နာနာခံခံ ချဥ်းကပ်လာ​နေဆဲပင်။

သူက လင်းဟန်အား တစ်ခါမှ မငြင်းဆန်ဖူးဘဲ "အင်း"ဟုသာ တိတ်တဆိတ် ဆိုတတ်သည်။

လင်းဟန်က မျက်လုံး ပိတ်ထားပြီး​နောက် နှစ်မိနစ်အတွင်း အထိအ​တွေ့အာရုံခံဆဲလ်များအားလုံး နှစ်ဆထက်ပို ကြီးမားလာသည်။

ပို၍ ရှင်းလင်းလာ​သော အကြံအချို့ ရှိ​နေပါ​သော်လည်း လက်ရှိမှာ တိတ်တဆိတ်ထိုင်ချကာ အ​တွေးများ​နေရမည့် အချိန် မဟုတ်​သေးပေ။ သူသည်လည်း အမှန်ပင် ပင်ပန်း​နေပြီ ဖြစ်၍ မျက်လုံးမှိတ်လိုက်သည့် အခိုက်တွင် တစ်ကိုယ်လုံးက မှောင်မိုက်နက်နဲလှ​သော အိမ်မက်တစ်ခုအတွင်း ကျ​ရောက်သွားသလို ခံစားလိုက်ရပြီး နှက်နှက်ခြိုက်ခြိုက် အိပ်​မောကျချင်မိသွားသည်။

သို့​သော်ငြား သူ၏ အ​ရေပြား တ​​စ်လက်မချင်းစီတွင် ဟယ့်ယွင်ထင်၏ လက်ဖဝါးမှ အ​နွေးဓါတ်ကို ခံစား​နေရဆဲ ဖြစ်သည်။

လင်းဟန်မှာ အစပထမ မယုံကြည်ခြင်းများမှ လက်ရှိတွင် လှည့်စားမှု​လေးများ သုံးရသည်အထိ ထိုလက်များကို အကြိမ်​ပေါင်းများစွာ ထိ​တွေ့ခဲ့ဖူးပြီးသော်လည်း ယင်းက လအနည်းငယ်သာ ရှိ​သေး​ပေသည်။ ထိုလက်များ၏ သွေး​ကြောရာများ၊ အသားမာများ၏ တည်​နေရာနှင့် သွေး​ကြောများ၏ တစ်လက်မချင်းစီတိုင်းနှင့် ရင်းနှီးခဲ့သည်မှာ ကြာ​လေပြီ။

မည်သို့ပင်ဆို​စေကာမူ ၎င်းက သူ၏ လျှို့ဝှက်ချက်​လေးသာ ဖြစ်၍ မည်သူကမှ ယူ​ဆောင်သွား၍ မရနိုင်​ပေ။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now