{ မင်းကငါ့ကိုဒီအတိုင်းအိမ်မှာအလကားထိုင်နေတဲ့ကောင်လို့များထင်နေတာလား။သတ်မယ် မင်းကိုသတ်ပစ်မယ်။မင်းကိုတကယ်သတ်ပစ်ချင်နေပြီ။ }
"အဟွတ် အဟွတ်"
ဒီအသံကိုကြားလိုက်တာနဲ့တပြိုင်နက် ကြက်သီးမွှေးညှင်းတွေတဖြန်းဖြန်းထသွားသလိုခံစားလိုက်ရတယ်။ပြီးတော့ဒီအသံကတအားရင်းနှီးနေသလိုပဲ။
{ချီးထုပ်ကောင် မင်းကိုအလွတ်မပေးနိုင်ဘူး။မင်းကိုဘယ်တော့မှအလွတ်ပေးမယ်မထင်နဲ့။ မင်းကိုဓားနဲ့ထိုးမယ်။ရေညစ်ပတ်တွေနဲ့လောင်းချ အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင်လုပ် ပြာတွေကိုကြဲချပစ်လိုက်ပြီး မင်းကိုပျောက်သွားအောင်လုပ်ပစ်လိုက်မယ်}
ဒါဘာကြီးလဲ
ဒါငါ့အသံကိုစက်နဲ့ပြောင်းထားတဲ့ဟာကြီးမလား
သူ့မျက်နှာကဖြူဖတ်ဖြူလျော်ဖြစ်ပြီးသွေးမရှိတော့သလိုပဲ။ တချို့စကားလုံးတွေကပြန်ပေးဆွဲတဲ့လူပြောခဲ့တာဆိုပေမဲ့ အများစုကဟီးဂျူပြောခဲ့တာတွေပဲ။
သူတို့တွေက ပါးပါးနပ်နပ်နဲ့ ဟီးဂျူပြောတာတွေအကုန်လုံးကိုဖြတ်ညှပ်ကပ်လုပ်ပစ်လိုက်ပြီးတော့ နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုကိုဖန်တီးလိုက်တာပဲ။ သူပါးစပ်အဟောင်းသားဖြစ်သွားရပြီးပါးစပ်ကိုပြန်တောင်မပိတ်နိုင်ခဲ့ဘူး။
{မင်းကားကိုအစိတ်စိတ်အမွှာမွှာမဖြစ်စေချင်ရင် နှစ်ဘီလျံနဲ့လာဖြေရှင်း ငါကအရမ်းသဘောကောင်းနေမိတာများလား}
"...."
{စတော့မှာများလား။ မနက်ဖြန်ကျရင်မင်းကိုသတ်ပစ်မယ်။}
ဘာကြီးလဲ...
ဘာတွေဖြစ်နေတာလဲ
ဒီအသံဖြတ်ညှပ်ကပ်ကိုဘယ်သူလုပ်တာလဲ။
နှုတ်ခမ်းထောင့်စွန်းနားမှာထမင်းရှိနေပေမဲ့လည်းညဟီးဂျူတီဗီရှေ့မှာကြောင်ကြည့်နေမိတယ်။ သူ့ဦးနှောက်ကလုံးဝရပ်တန့်သွားပြီး လက်တွေကလည်းတုန်နေခဲ့တယ်။
အဲ့အခိုက်အတန့်မှာပဲ သူအခန်းဝဘက်ကိုကြည့်မိလိုက်တယ်။
တီ တီ တီ
