ep-7

764 62 12
                                        

အချိန်တွေ တစ်ဖြည်း"ကုန်ဆုံးလာပြီးနောက် ကျွန်တော် ဘွဲ့ယူရမဲ့အချိန်ကို ရောက်လာခဲ့တယ်
ကျွန်တော် ဒီကြားထဲ မမြင်ချင်တဲ့သူကို မမြင်ရအောင် သူတို့နဲ့အဝေးဆုံးတက္ကသိုလ်ကို ပြောင်းလျှောက်ခဲ့တယ် ကျွန်တော်တစ်နှစ်အောက်သွားပေမယ့်လည်း အဆင်ပြေပါတယ် ကျွန်တော့်ကို နာကျင်စေတဲ့ရပ်ဝန်းမှာ မနေချင်တာကြောင့်

အကုန်လုံးကို အဆက်အသွယ်ဖျက်လိုက်ပြီး ကျွန်တော် ဒီအရပ်မှာ တစ်ကိုယ်တည်း နေနိုင်အောင် အများကြီးကြိုးစားခဲ့ရတယ် လွမ်းစရာရှိရင် နာစရာနဲ့ဖြေတဲ့ ကျွန်တော် ဒီကြားထဲ တစ်ချက်တစ်ချက် သူ့ကိုသတိရပါတယ် ချစ်လို့မဟုတ်ပဲ မုန်းလို့ သူကျွန်တော့်ရှင်းပြချက်ကိုနားမထောင်ပဲ သူ့သတို့သမီးလောင်းရဲ့စကားတစ်ခွန်းထဲနဲ့ ကျွန်တော့် နှလုံးသားကို သွေးစိမ်းရှင်ရှင်ထွက်အောင် လုပ်ခဲ့တာ ပြန်တွေးတိုင်း အရမ်းနာကျင်ရတယ် အဲ့ဒီအတောအတွင်း သူကျွန်တော့်ကို နည်းနည်းလေးတောင်မချစ်ခဲ့ဘူးထင်တယ် သူဂရုစိုက်ခဲ့သမျှကလည်း အကုန်အပေါ်ယံတွေပဲ  ကျွန်တော် သူ့ကို အရမ်းမုန်းတယ်

****

အဲ့ဒီနေ့ စိတ်ထဲမပါပဲ ကျွန်တော်သူ့ကို လွန်"ကျူး"တွေပြောမိခဲ့တယ် အဲ့ဒီအချိန်တုန်းက ကျွန်တော့်သတို့သမီးလောင်းရဲ့ စကားကိုယုံပြီး သူ့ကို ရှင်းပြခွင့်မပေးမိခဲ့ဘူး ကျွန်တော်နောင်တလည်းမရခဲ့ဘူး ဘာလို့ဆို ကျွန်တော်က မ စကားကိုအမြဲနားထောင်တဲ့ကောင်လေးမို့ ဟိုးငယ်ငယ်လေးထဲက မ ကကျွန်တော်နဲ့အတူကြီးပြင်းလာခဲ့တာကြောင့် တစ်ချိန် ကျွန်တော်လက်ထပ်မဲ့ သူကလည်း မ ပဲ ဖြစ်ရမယ်ဆိုပြီး ရည်မှန်းထားခဲ့တာ အဲ့ဒါကြောင့် မ ဘာလုပ်လုပ်အမြဲမှန်တယ်ဆိုပြီး ထင်နေခဲ့တာ ကျွန်တော့်ဘဝထဲ ကောင်လေးတစ်ယောက် ရောက်မလာခင်အချိန်အထိပေါ့

အဲ့ဒီနေ့ကလည်း ကျွန်တော်သူ့ကိုမယုံကြည်ပေးခဲ့ဘူး မ စကားကိုပဲ ယုံကြည်ခဲ့တယ် တစ်နေ့ ကျွန်တော်လုံးဝမှားသွားတယ်ဆိုတာ သိလိုက်ရတဲ့နေ့.....
ဘယ်အချိန်ကမှန်းမသိ ကျွန်တော့်အခန်းထဲမှာ cctvတစ်ခုတပ်ထားတာ အဲ့နေ့က ကျွန်တော့အခန်းက စာအုပ်တွေရှင်းရင်း အဲ့ဒီcctvစီ မျက်လုံးရောက်သွားပြီး စိတ်ဝင်စားတာနဲ့ CCTV record တွေကိုပြန်ကြည့်ရင်း အဲ့နေ့က vdစီရောက်သွားတယ် ထိုအခါမှ မ ရဲ့ လုပ်ကြံဇာတ်လမ်းကို တွေ့လိုက်ရပြီး ကျွန်တော်အကြီးအကျယ် မှားသွားမှန်းသိခဲ့ရတယ် အဲ့ဒါကြောင့် ချက်ချင်းပဲ မ စီ ဖုန်းဆက်ပြီး တွေ့ကြဖို့ပြောလိုက်တယ် အဲ့နေ့ကအကြောင်းကိုမေးတော့ မ ကလဲ ဝန်ခံတယ် မောင့်ကိုချစ်လို့ပါတဲ့ မ က အရမ်းပြောင်းလဲသွားတယ် ကျွန်တော့်ကိုမယုံကြည်ဘူး သူနဲ့လည်းခွဲရအောင်လုပ်တယ် ကျွန်တော် မကို ဖုန်းလဲမဆက်ဖို့ စာလဲမပို့ဖို့ ကျွန်တော့်ကိုလဲ လာမတွေ့ဖို့ပြောလိုက်တယ် ဟုတ်တယ် ကျွန်တော်ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖို့လိုတယ် ကိုယ့်ကိုယ်ကိုယ် စိတ်လည်း ပျက်သွားမိတယ်
ကျွန်တော်သူ့ကိုတောင်းပန်ချင်တယ် ဘယ်လိုလုပ်ရမလဲတွေးရင်း သူတို့အိမ်ရှေ့ရောက်သွားတယ် သူ့မေမေကိုတော့တွေ့ပါတယ် သူ့ကို‌တော့ လုံးဝမတွေ့ဘူး အဲ့ဒါကြောင့် အန်တီ့ကို ကျွန်တော်မေးလိုက်တယ် အန်တီကတော့ မျက်နှာသိပ်မကောင်းပေမယ့် သားသူငယ်ချင်း ကျောင်းပြောင်းသွားပြီတဲ့လေ အဲ့ဒါကြောင့် အခုတစ်လော သူ့ကိုမတွေ့ရတာကိုး ကျွန်တော်လည်း ဟုတ်ကဲ့အန်တီဆိုပြီး ပြန်လှည့်ထွက်လာခဲ့တယ် ကျွန်တော် မ အပေါ်အရင်လို စိတ်မပါတော့ဘူး အဲ့ဒါကြောင့် စေ့စပ်ပွဲဖျက်သိမ်းလိုက်တယ်

****

ကျွန်တော့်တစ်ဘဝလုံးနောင်တရစိတ်နဲ့ပဲ ရှင်သန်နေခဲ့ရင်း သူ့ကိုပြန်တွေ့ခဲ့ရတဲ့ တစ်နေ့

"Fourth ငါမင်းကိုတောင်းပန်ချင်လို့ပါ"

"မင်းက ဘာအတွက်နဲ့တောင်းပန်မှာလဲ မလိုအပ်ဘူး"

"ငါမှားသွားမှန်းသိပါပြီ အဲ့ဒါကြောင့် ငါမင်းကို တောင်းပန်ဖို့ တစ်ချိန်လုံးလိုက်ရှာနေခဲ့ရတာ "

"မလိုအပ်ဘူးလို့ပြောနေတယ်လေ"

ထိုအချိန် "ဘေဘီ သူကဘယ်သူလဲ "ဟု မေးလာသော လူတစ်ယောက်
ထိုအခါမှ Fourth က ချက်ချင်းမျက်နှာပုံစံပြောင်းသွားပြီး
"ဘယ်သူမှ မဟုတ်ပါဘူး အစ်ကိုရာ လူမှားပြီး စကားလာပြောနေတာ" ဟု ထိုလူအား ပြန်ပြောလိုက်သည်

ထို့နောက် ကျွန်‌တော့်ဘက် မျက်နှာလှည့်လာပြီး

"ခင်များဘယ်သူလဲ မသိပေမယ့် ကျွန်တော့်ကိုတောင်းပန်ဖို့လိုအပ်ဘူး နောက်တစ်ခါတွေ့ရင်လဲ မသိသလိုနေပေးပါ " ဟုပြောပြီး ထိုလူ့လက်ကို ဆွဲပြီး ထွက်သွားဖို့ပြင်သည်

ကျွန်‌တော် Fourthရဲ့လက်ကို ဆွဲလိုက်ပြီး ထိုလူက ဘယ်သူလဲ ဟုမေးလိုက်၏

Fourthက ငါ့ချစ်သူ ဟုပြောပြီး ထိုလူ့လက်ကိုဆွဲကာ ထွက်သွား၏

ကျွန်‌တော့်ရင်ထဲက အရမ်းနာတာပဲ ဒါပေမယ့် ကျွန်တော်က ဘယ်သူမိုလို့လဲ Gemini Norawit ပါ လိုချင်တာရှိရင် တရားနည်းနဲ့ဖြစ်ဖြစ် မတရားနည်းနဲ့ပဲဖြစ်ဖြစ်ရအောင်ယူမှာ အဲ့ဒါ့ကြောင့် ဒီနှစ်တွေရဲ့ စီးပွားရေးလောကမှာ Gemini Norawit ဆိုတာကို မသိတဲ့သူမရှိ

"မင်းကိုလွယ်လွယ်နဲ့ လက်လွတ်ပေးမယ်ထင်နေလား အဲ့ဒါဆိုရင် မင်း မှားသွားလိမ့်မယ် ဖို့ဖို့"

[Updateတောင်းလို့သာ ရေးပေးတာ အဆင်ပြေမှာမဟုတ်ဘူးထင်တယ် ဒါပေမယ့်လည်း ယူတို့ရေးခိုင်းလို့ရေးပေးတာ မကောင်းလဲ ဖတ် ဟွန့်😞]

SHADOW Where stories live. Discover now