We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

အခန်း (၂၂)

16.9K 210 8
                                        


"မတွေ့ရတာ ကြာပြီနော် မသဒ္ဒါဖြူ"

ဖြူ သူမရှေ့မှာရှိနေတဲ့ အဏ္ဏဝါမင်းဆိုသူကို ခပ်ဖွဖွလေးသာ ပြုံးပြလိုက်သည်။ သူမရှေ့‌မှာရှိနေတဲ့ ထိုလူက သူမရဲ့ အစ်မဖြစ်သူရဲ့ ယောက်ျားလို့ ထိုလူ ဆိုလာခဲ့တော့ သူမခဏတော့ ရူးကြောင်ကြောင် ဖြစ်သွားမိသည်။ သူမက သိတတ်စအရွယ်ထဲက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့သူမဟုတ်ပါလား။ ထိုလူ သူမဘဝရဲ့ သူမကိုယ်တိုင်မသိခဲ့တဲ့ ဇာတ်ကြောင်းကို ပြောမပြခင်ထိ သူမကိုယ်သူမ ဘယ်သူမှန်းမသိခဲ့ပေ။ သူမပဲ အရမ်းကို ဖြူစင်ခဲ့လို့လားမသိ သူမကို စွန့်ပစ်ခဲ့တဲ့ သူမအဖေကိုလည်း မမုန်းသလို ဖောက်ပြန်ခဲ့ပါတယ်ဆိုတဲ့ သူမရဲ့ မိခင်ကိုလည်း မမုန်းတီးခဲ့မိတာ အမှန်ပင်ဖြစ်သည်။

"မနှင်းဆီရိပ်က ကျွန်တော့်ကိုဆက်သွယ်လာခဲ့တာပါ"

သမီးလေးရဲ့ ‌အဒေါ်တော်စပ်သူက အတော်လေး ရဲရင့်တဲ့သူဖြစ်မယ်လို့ သူမထင်မိတာပါပဲ။ သူမက သူတို့ကို ခေါ်လာခဲ့ပြီး အခုတော့ သူမရဲ့ကိုယ်ပိုင်တိုက်ခန်းမှာ သူမတို့ သားအမိနှစ်ယောက်ကို နေစေသည်။ သူမအနေနဲ့ မုန်းမာန်ရိပ်ဆိုတဲ့ ထိုလူကို မမုန်းဘူးလားဆိုရင် မုန်းပါသည်။ သူမတို့ကို သူ့ဘဝရဲ့ နေရာတစ်နေရာကိုမှမပေးခဲ့တဲ့အတွက်၊ သမီးလေးကို လျစ်လျူရှုခဲ့တဲ့အတွက်၊ စကားတွေနဲ့ စော်ကားခဲ့တဲ့ အတွက် သူမက သူ့ကို အရမ်းမုန်းပါသည်။

"ဘယ်လိုဆက်လုပ်မလဲ မသဒ္ဒါဖြူ"

"ရှင့်ကြည့်ရတာ မိန်းမကို သိပ်ချစ်ပုံရတယ်နော်။ အခုလို ကျွန်မကို အနီးကပ်စောင့်ကြည့်စေတာရော ကျွန်မရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေခဲ့တာကိုရော ကျွန်မသိပါတယ်။ ပူစူးကကျွန်မကို အစ်မအရင်းတစ်ယောက်လိုမျိုး အမြဲစောင့်ရှောက်ပါတယ်။ ဒါပေမယ့် ဒီအထိပါပဲ။ ရှင့်အနေနဲ့ ကျွန်မရဲ့ အမဖြစ်သူရဲ့ နောက်ဆုံးစကားကြောင့် ကျွန်မကို အခုလို စောင့်ရှောက်ပေးနေပေမယ့် ကျွန်မဘက်က အဆင်ပြေတာမို့ အခုဒီ့ထက်ပိုပြီး ဒီလိုမျိုးမလုပ်လည်းရပါတယ်။ "

အဏ္ဏဝါ သူ့ရဲ့က ပါတိတ် ဝမ်းဆက်နဲ့ အမျိုးသမီးကို ကြည့်ပြီး သူမတို့နှစ်ယောက်လုံးက ဖခင်ဖြစ်သူနဲ့ တူလိမ့်မယ်ဟု မဆီမဆိုင်တွေးမိသွားသည်။ ‌ဖအေတူမအေကွဲ ညီအမ နှစ်ယောက်ဟာ ညီအမတော်စပ်ကြောင်း ငြင်းမရအောင်ကို ရုပ်ချင်းက ဆင်လွန်းသည်။ ဒါကြောင့်မို့ပဲလားမသိ သူမဘာကြောင့်ဒီလိုပြောလဲဆိုတာကို တစ်ချက်နဲ့တင် သူခန့်မှန်းနိုင်လေသည်။ သူတစ်ချက်ပဲပြုံးကာ ထိုနေရာကနေ ပြန်ဖို့ပြင်လိုက်လေသည်။

ဥပက္ခာတံတိုင်းStories to obsess over. Discover now