[Unicode]
At . 6:00
လွန်း နိုးလာတော့ မနေ့ကအကြောင်းစဥ်းစားမိပြန်သည်၊၊
ဒါပေမဲ့ သူကြာကြာမတွေးလိုက်ပဲ အလုပ်သွားဖို့သာပြင်တော့သည်၊၊လွန်း ရေမိုးချိုးပြီးတော့ အဝတ်လဲကာမီးဖိုချောင်ထဲဝင်ပြီးခေါက်ဆွဲတစ်ထုပ်သာပြုတ်လိုက်သည်၊၊
လွန်းခေါက်ဆွဲပြုတ်နေရင်းစဥ်းစားမိတယ်..အရင်တုန်းကဒီအချိန် မောင့်ကျောင်းသွားရငိယူသွားဖို့ သူကိုယ်တိုင်ထကာ မပင်မပန်းနိုင် မောင်စားဖို့လုပ်ပေးရသည်၊၊
ဒါပေမဲ့ အဲ့တုန်းကမောင်ဟာ သူကိုချစ်ခဲ့သည်မလား..
အခုတော့......လွန်းလည်းတွေးလက်စကိုရပ်ကာ မနက်စာစားပြီးအလုပ်ကိုသာတန်းသွားလိုက်သည်၊၊အလုပ်ရောက်တော့..မ မြတ်က..
"ဟယ် လွန်းလေး"
"နေမကောင်းနေတာလား မျက်နှာကဖြူဖက်ဖြူရောနဲ့ ပြီးတော့အရမ်းပိန်သွားတယ်နော်.."
"ကောင်းပါတယ် မ မြတ်..အစားနဲ့နဲ့ပျက်နေလို့ထင်တယ်"
"ဂရုစိုက်နော် မောင်လေး"
"ဟုတ်"
မ မြတ်သွားတော့ လွန်းလည်းအလုပ်ကိုသာဆက်လုပ်နေလိုက်တော့သည်၊၊စစ် ရုံခန်းထဲ ငွေစရင်းတွေစစ်နေရင်း တံခါးဖွင့်သံကြားတော့ ဘယ်သူလဲဆိုတာ စစ်သိသည်၊၊
တံခါးမခေါက်ပဲဝင်ရဲတာ သင်ဇာတစ်ယောက်ပဲရှိတယ်ဆိုတာ.."စစ်ဘာတွေလုပ်.."
"နင်ကငါအလုပ်လာပြီး ဘာတွေလုပ်နေတာလဲဆိုတော့ ကနေတယ်လို့ငါပြောရမလား...ပြီးတော့ တံခါးခေါက်ပြီးမှဝင်ရမယ်ဆိုတာ မသိဘူးလား.."
ထိုအချိန်နောက်တစ်ယောက်ထက်ဝင်လာသည်..သူကတော့ ဇေယျာဖြစ်သည်၊၊
သင်ဇာက ဇေယျာလက်ကိုပြေးဖက်ခါ.."မောင်သိလား စစ်က သင်ဇာကိုအော်တယ် မောင်ရယ်..ဟင့်"
"မောင့်ချစ်လေးကို သူကအော်တာလား"
စစ်သူ့အရှေ့မှာ ခွေးစာကျွေးနေတဲ့အတွဲကိုကြည့်မရလာတော့ဘူး..
စစ်ရယ် ဇေယျာရယ် သင်ဇာရယ်က တက္ကသိုလ်တည်းကခင်လာကြတဲ့သူငယ်ချင်းတွေဖြစ်တယ်၊၊
အဲ့တုန်း ဇေယျာရယ် သင်ဇာရယ်ကမတည့်ဆုံး တွေ့လိုက်တာနဲ့ သတ်ကြတာ အခုမှဘာစိတ်ကူးပေါက်ပြီးတွဲလိုက်ကြလဲမသိဘူး..

YOU ARE READING
မှားယွင်းခဲ့သောရင်ခုန်သံ [Ongoing]
Romanceကို့ကိုယ်မချစ်တော့တဲ့သူတစ်ယောက်ရှိမှာအချိန်ကုန်ခံမနေပါနဲ့ တစ်ချိန် ချိန်မှာ ကို့ကိုယ်ချစ်တဲ့သူပေါ်လာအုံးမှပါ.. Uke ဖောက်ပြန်ခံရတဲ့fic လေး