အပိုင်း တစ်ဆယ့်လေး

3.5K 76 2
                                    

'မနေ့ကဟာကအိပ်မက်လား'

ဟီးဂျူသမ်းချင်နေတာကိုအောင့်အင်းထားပေမဲ့လည်းသူ့လက်တွေကအဆက်မပြတ်လှုပ်ရှားနေတယ်။

"ဆေးစာထဲမှာပြထားတဲ့အတိုင်း လူနာကဝှေးစေ့တစ်ခြမ်းကျွံကျသွားတာအတွက် အရေးပေါ်ခွဲစိတ်မှုကိုလုပ်ဆောင်ခဲ့ရပါတယ်။ ဒါပေမဲ့ရောဂါနဲ့ပတ်သက်ပြီးပြောပြခဲ့တာကအရမ်းကိုနည်းပါးပါတယ်။"

သူကအခုတရားရုံးမှာလက်ဟန်ပြဘာသာပြန်လုပ်နေတာ။

အလွတ်တမ်းဘာသာပြန်သူတစ်ယောက်အနေနဲ့ ဟီးဂျူကစင်တာဒါရိုက်တာကိုတရားရုံးမှာလိုက်ပြီးအကူအညီပေးနေရတာ​။ သူတို့တွေကတရားရုံး၊စုံစမ်းစစ်ဆေးရေးရုံး၊ရဲစခန်းနဲ့ဆေးရုံတွေကိုခဏခဏသွားနေရတာပုံမှန်ပဲ။ အခုတော့ ဟီးဂျူက တစ်ဖက်လူပြောသမျှကိုနားမကြားနိုင်တဲ့တရားခံကိုဘာသာပြန်ပြနေတာ။

"အဲ့ဒီခွေးကောင်ကသူ့ဘာသာအရူးထပြီးချော်လဲတာပါဆိုနေ"

တရားခံရဲ့ဇနီးကဒေါသူပုန်ထပြီးစားပွဲကိုလက်နဲ့ရိုက်လိုက်တယ်။

ဒီကိစ္စက ဇနီးသည်ကသူ့ယောကျာ်းရဲ့ဝှေးစေ့ကိုယောက်ချိုဇွန်းနဲ့ရိုက်လိုက်မိတဲ့အမှုကြောင့်ဖြစ်နေတာ။

"အခြေအမြစ်မရှိတဲ့သဝန်တိုတာတွေနဲ့ကျွန်မကိုအဆုံးအစွန်ထိတွန်းပို့ရအောင်ရှင်ကဘာမလို့လဲ။ရှင့်ကိုယ်ရှင်ဘယ်သူထင်နေတာလဲ"

ရင်ဘတ်ကိုလက်နဲ့ဆုပ်ကိုင်ရင်း ဇနီးသည်ကတရားရုံးခန်းမရဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့သူ့ယောကျာ်းကိုစိုက်ကြည့်လိုက်တယ်။အခုကပေါ့ဆမှုကြောင့်ထိခိုက်စေမှုရယ် ကွာရှင်းလိုမှုကြောင့်ရှုပ်ထွေးနေတဲ့တရားရေးကိစ္စဖြစ်နေတာ။

"ခင်ပွန်းသည်ရဲ့လက်ပါတတ်မှုကြောင့် နှစ်အတော်ကြာအောင် အိမ်ထောင်တွင်းအကြမ်းဖက်မှုကိုခံစားခဲ့ရတဲ့ဇနီးသည်ရဲ့ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာတွေကိုသက်သေအနေနဲ့တင်ပြထားပြီးဖြစ်ပါတယ်"

"တရားသူကြီးခင်ဗျား လူတိုင်းအတွက်အရေးကြီးတဲ့ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းကိုရည်ရွယ်ချက်ရှိရှိနာကျင်မှုကိုဖြစ်စေတာက ခန္ဓာကိုယ်ပိုင်းထိခိုက်ဒဏ်ရာကမှုကိုဖြစ်စေတာကြောင့် ဒါကိုဆုံးဖြတ်ရမယ်ဆိုရင်..."

ဖုန်းမြည်သောအခါWhere stories live. Discover now