#Unicode
Jeon Jungkookဆိုသည့်ကလေးက Taehyung အနားသို့ ရရင်ရသလိုကပ်တွယ်နေတတ်သည် ။ Taehyungကို အရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်ပေးသေး၏။ သူအတော်လေး နောင်တရနေပုံရသည်မို့ Taehyungလည်းသနားကာ အလိုက်သင့်လေးပြန်လည် ဆက်ဆံပေးလိုက်သည် ။ ညီငယ်လေးတစ်ယောက်အရွယ်ပေမို့ Taehyung အဲ့ဒီလိုသဘောထားကာ အရေးပေးထားသည် ။ Jeon Jungkookကလည်း အဲ့တာကို အခွင့်အရေးမယူပါပေ။
"Taehyung ... မင်းအဲ့ဒီ Jeon Jungkookကိုကြိုက်နေတာတော့ မဟုတ်ဘူးမို့လား"
Taehyung ဘေးတွင်အမြဲတမ်းလိုလိုရှိနေသည့် Yoongiက Taehyung တို့နှစ်ယောက်ကို စတင်သံသယဝင်လာပုံရသည် ။ အများအမြင်မှာ အုပ်ချုပ်သူအရှင်သခင်နှင့် ကိုယ်လုပ်တော်တို့ လက်ပွန်းတတီးနေသည်မို့ ထူးဆန်းနိုင်ပေမယ့် Taehyung အတွက်တော့ ယောက်ျားခြင်းအတူရှိသည်ကမထူးဆန်းလှပေ ။ Taehyung ထိုကလေးအပေါ် ညီလေးတစ်ယောက်လိုသဘောထားပြီး Taehyung တို့ဆက်ဆံရေးကလည်း သန့်စင်လွန်းလှသည် ။
"Yoongiရာ ငါယောက်ျားတွေမကြိုက်တာကို မင်းလည်းသိပါတယ် ... အဲ့ဒီ Jeon Jungkookက ညီလေးအရွယ်လေးမို့ သနားဂရုဏာသက်မိရုံပါပဲ..."
"မင်းကအဖြောင့်ပေမယ့် အဲ့ဒီမင်းရဲ့ဘိုးတော်လေးက ဖြောင့်မနေဘူးလေ.. ဒါက ယောက်ျားတွေပဲရှိပြီး ယောက်ျားခြင်းလက်ထပ်ယူရတဲ့ တိုင်းပြည်ဆိုတာကိုလည်း မင်းမေ့မနေနဲ့အုံး"
Yoongi ပြောတာကိုတော့ Taehyung လက်ခံပါသည် ။ Jeon Jungkook က Taehyungကိုကြိုက်နေတာဖြစ်ပြီး Taehyungအချစ်ကိုပြန်လည်ရရှိဖို့ ပိုးပန်းနေတာလည်းဖြစ်သည်။Jeon Jungkookအတွက်လွတ်သွားတဲ့ငါးကကြီးနေတယ်ထင်ပါရဲ့။ သို့ပေသည့် Taehyungဘက်က ဖြူစင်ရိုးသားနေသ၍ Jeon Jungkookအနေနှင့် ရှေ့ဆက်တိုးလို့ရမှာမဟုတ်ပေ ။ Taehyungကတော့ အဲ့ဒီလိုပဲ သတ်မှတ်ထား၍ Jeon Jungkookကိုလည်း ညီလေးတစ်ယောက်လိုသာစောင့်ရှောက်ပေးဖို့ ဆုံးဖြတ်ထားသည် ။
"မင်း စိတ်မပူပါနဲ့ Yoongi ... ငါဖြောင့်နေသ၍ သူဘာမှရှေ့ဆက်တိုးလို့မရပါဘူးကွာ.."
Taehyungကတော့ ကိုယ့်ဇာတ်ကိုယ်နိုင်အောင် က,နိုင်၍ အပိုင်တွက်ထားပြီးသားပင်။
"ထူးဆန်းတာတစ်ခုပြောရအုံးမယ်သိလား Park Jimin ငါ့ကိုလာမရှာဘူး... သူငါ့ကို စိတ်မဝင်စားတော့ဖို့ ငါမျှော်လင့်တယ်"

YOU ARE READING
My Dangerous Husband
FanfictionGay ဆိုတာကိုလက်မခံနိုင်တဲ့ Kim Taehyung ဆိုတဲ့ အဖြောင့်ကောင်လေးတစ်ယောက် ကျိန်စာတစ်ခုကြောင့် ယောက်ျားတွေပဲရှိတဲ့တိုင်းပြည်တစ်ခုကိုရောက်လာခဲ့ပြီး ယောက်ျားများစွာရဲ့ နှစ်သက်စွဲမက်ခြင်းကိုခံရတဲ့အခါ....