Chapter 50

332 53 1
                                    

👾Chapter 50
: တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြ​သော လက်များ

သူတို့ကို တိုက်ရိုက် တိုက်ခိုက်မည့်အစား ဇာဂ့်နှစ်​ကောင်က လက်တံများအားလုံးကိုသုံးကာ မက်ခါ၏ ခြေ​ထောက်ကို လှမ်းဖက်လိုက်ကြပြီး အစိမ်း​ကောင်ကြီး၏ လက်တံများက မြင့်မြင့် မြှောက်လာကာ မက်ခါ၏ ရှေ့ပိုင်းကို ဦးတည်လာခဲ့သည်။

မက်ခါထဲမှ နှစ်​ယောက်သားသည်ကား တစ်ချိန်တည်းလိုလိုပင် မူးဝေ​သော ခံစားချက်တစ်ခုကို ခံစား​နေရ​၏။

သဲပိုး​ကောင် နှစ်​ကောင်က အားကုန်သုံးကာ M2742 ကို လေထဲသို့ မြင့်​မြင့်​မြှောက်ရန် အားထုတ်​နေကြချိန်တွင် အ​ရှေ့မှ အစိမ်း​​ကောင်ကြီးသည်ကား ပါးစပ်ပိုင်းကြီးနှင့် ထိကပ်လာကာ သံလိုက်စက်ကွင်းအ​မြောက် ပစ်ခဲ့သည့် မက်ခါ၏ အစိတ်အပိုင်းကို ထိကပ်လိုက်သည်။ သူတို့က ယခင်က မပြည့်ဝခဲ့သည့် အစီအစဥ်ကို ဆက်သွားချင်​နေကြပြီး မက်ခါအား သေ​သည်အထိ ပစ်​ပေါက်ချင်​နေကြ​ပေသည်။

“အစိမ်း​ကောင်ကြီးက ခေါင်း​ဆောင်ပဲ"

လင်းဟန်က ဆက်သွယ်​ရေးစက်ကို ကျယ်​လောင်စွာ ပြောလိုက်ပြီး​နောက် မရပ်နား​သေး​သော စိတ်စွမ်းအား ဆုံးရှုံးမှု၏ အားနည်းချက်ကို ပြန်ဆွဲယူ​နေရသည်။ လင်းဟန်တစ်​ယောက် ထိုစကားလုံးများကို ပြောလိုက်ချိန်မှာပင် မက်ခါတစ်ခုလုံးက သတ္တဝါကြီးများထံမှ မြှောက်တင်ခံလိုက်ရပြီး ၎င်းတို့ ၏​ခေါင်းထက်သို့ ရောက်သွားသည်။

“အမြင့်ချိန်ညှိမှုကို သတိပြုပါ... အမြင့်ချိန်ညှိမှုကို သတိပြုပါ"

ဟယ့်ယွင်ထင်က ထိန်းညှိကိရိယာနှင့် ဘယ်ညာလွှဲယမ်းခြင်းကို လျှော့ချ​​ပေးသည့် ကိုယ်ထည်စနစ်ကို အမြင့်ဆုံးထိ ဖွင့်လိုက်သော်လည်း  ထိုသဲပိုး​ကောင်မှာ သူတို့ကို လွှတ်မ​ပေးချင်ဘဲ မက်ခါ၏ နဖူးကို လက်တံများဖြင့် တိုက်ခိုက်​နေသည်။

မက်ခါမှာ မြှောက်တင်ခံထားရဆဲ ဖြစ်ပြီး အရံအတား အကာအကွယ်စနစ်များ ဖွင့်ထားသည့်တိုင် ထိုကဲ့သို့ အပြင်းအထန် ပြုတ်ကျခဲ့လျှင် မည်မျှ​လောက်ထိ အလုပ်လုပ်နိုင်မည်ကို သေချာမသိနိုင်ပါ​ပေ။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now