Chapter 49

418 75 1
                                    

👾Chapter 49

သဲပိုးကောင်၏ အ​​ဖော်များက ယင်းမှာ ခက်ခဲ​နေ​သည့်ပြသနာတစ်ခု ဖြစ်​ကြောင်း စတင် သ​ဘော​ပေါက်လာကြပြီး​နောက် M2742ဆီ လှမ်းထိုးလာကြသည်။

သို့​သော်ငြား ဟယ့်ယွင်ထင်မှာ ရပ်၍ မရ​ပေ။ သူသာ ရပ်လိုက်ပါက ဦး​နှောက်အထိ မတိုက်ခိုက်နိုင်လျှင် အလင်းဓါးရှည်​ကြောင့် ဖြစ်​ပေါ်လာ​သော ဒဏ်ရာက ဇာဂ့်အတွက် ခပ်မြန်မြန် ကုသနိုင်သွား​ပေလိမ့်မည်။

အ​ဖော် သဲပိုးကောင်များက ယာဥ်ကို ၎င်းတို့၏ သန်မာလှ​သော လက်တံများဖြင့် ပွတ်တိုက်လာကြပြီး သတ္တုများကို ဆွဲခြစ်သံများက စူးရှကာ နားကွဲမတတ် ဆူညံလာ​စေသည်။ 

မက်ခါတစ်ခုလုံး အသံကျယ်ကျယ်ဖြင့် တုန်ခါလာပြီး သတ္တုထည်က အလွန် သန်မာ​နေသည့်တိုင် လင်းဟန်မှာ ပွင်ထွက်သွား​​ပေ​တော့မည်ဟု ထင်​ယောင်ထင်မှား ခံစားချက်တစ်ခု ရ​နေခဲ့သည်။ လင်းဟန်က ဟယ့်ယွင်ထင်၏ ပုခုံးများ စတင်တုန်ယင်လာပြီး ညာဘက်လက်က ထိန်းချုပ်လက်ကိုင်ကို ကိုင်ထားကာ ဘယ်လက်က အလင်းဓါးရှည်ကို ထိန်းချူပ်ထားရင်းဖြင့် တဖြည်းဖြည်း အ​ပေါ်တွန်းတင်လိုက်သည်ကို တွေ့လိုက်ရသည်။ 

အလင်းဓါးရှည်က သဲပိုး​ကောင်၏ ဝမ်းဗိုက်မှ တက်လာကာ နှဖူးနှင့် လည်ပင်းကို ဖြတ်သွားပြီးနောက် အဆုံးတွင် တန်ဖိုးအရှိဆုံး ဖြစ်​သော ဦး​ခေါင်းကို နှစ်ခြမ်းခွဲလိုက်လေသည်။

သဲပိုး​ကောင်ကြီးက သောကအပြည့်ဖြင့် အော်ဟစ်မြည်တမ်းလိုက်ချိန်တွင် ၎င်း၏ အ​ဖော်များက မက်ခါ၏ အ​နောက်ခြမ်းကို ခြေ​တံများဖြင့် ခပ်ပြင်းပြင်း ရိုက်ခတ်လာကြ​လေသည်။ တတိယတစ်​ကောင် ရောက်လာ​သောအခါ ရှေ့နှစ်​ကောင်ထက် ပိုဥာဏ်​ကောင်းပုံရပြီး ၎င်း၏ ခြေတံအားကို သုံးကာ M2742 ကို မတင်လိုက်ပြီး​​နောက် အရုပ်​က​လေးတစ်ရုပ်နှယ် မြေ​ပေါ်သို့ ပစ်​ပေါက်လိုက်၏။

ဟယ့်ယွင်ထင်မှာ အလင်းဓါးရှည်ကို ပြန်သိမ်းနိုင်ခဲ့ပြီး လင်းဟန်သည်ကား ဆွဲအားမရှိသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ဇာဂ့်​ကောင်ကြီးက မက်ခါ၏ တစ်ဖက်ကို မနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ​ပေ။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now