👾Chapter 48
ဟယ့်ယွင်ထင်၏တိုက်ခိုက်မှုထိုစဥ်က ချီကျားဇယ်မှာ ထူးဆန်းသော ပုံစံပေါ်နေခဲ့သော်လည်း ချီကျားမူ၏ စကားများကို နားလည်နေခဲ့ပြီး တစ်ဖက်လူကို ကိုကိုဟု ခေါ်ရန် ရုန်းကန်လှုပ်ရှားနေခဲ့သေးသည်။
ထိုသူ ဤနေရာတွင် အဘယ့်ကြောင့် ရှိနေရကြောင်း တွေးတောရန် နောက်ကျနေလေပြီး လင်းဟန်မှာ မျက်နှာတွင် သွေးများစွန်းထင်းလျက်က တပ်သားသစ်အုပ်စုအတွင်းမှ ပုံရိပ်တစ်ခုကို ရှာဖွေလိုက်သည်။
ချီကျားဇယ်မှာ အိုမီဂါတစ်ယောက် မဟုတ်တော့။ သို့တည်းမဟုတ် သာမန်လူသားတစ်ယောက်ပင် မဟုတ်တော့ပေ။ သူက ဟယ့်ယွင်ထင်အား ယခင်က လုပ်ကြံခဲ့ဖူးသူများနှင့် ဆင်တူသော်ငြား အလုံးစုံတူနေခြင်း မဟုတ်ပေ။ သူက နူးညံ့လှသော အိုမီဂါတစ်ယောက် မဟုတ်တော့ဘဲ လူတစ်ကိုယ်လုံးက လေ့ကျင့်ထားသော လက်နက်တစ်ခုအလားပင်။ သူက နာကျင်မှုကို မသိသလို မောပန်းရကောင်းမှန်းကိုလည်း မသိပေ။ သူ့ရှေမှ လူကိုသာ သတ်ချင်နေခြင်းပင်။
၎င်းက ဆက်သွားရမည့်လမ်း မဟုတ်သေးပေ။ စစ်သင်္ဘောရှေ့တွင် ဇာဂ့်များ ရှိနေဆဲ ဖြစ်ပြီး ပြင်ဆင်ထားပုံရသော လုပ်ကြံမှုကလည်း အချိန်ကိုက်ပေါ်လာသည်။
ဟယ့်ယွင်ထက်က M2742 ၏ အနီးသို့ ချဥ်းကပ်လာရင်း နောက်ပြန်လှမ်းပစ်လိုက်သည်။
"မစ္စတာလင်း နောက်ကလိုက်ခဲ့ပါ" လင်းဟန်ကို လှမ်းပြောလိုက်သည်။ "အပေါ်တက်ဖို့ အခွင့်အရေး ရှာရအောင်"
လင်းဟန်က ရှာဖွေနေခြင်းကို ရပ်လိုက်ပြီး သူ့နောက်မှ နီးနီးကပ်ကပ် လိုက်လာခဲ့သည်။
သို့သော်လည်း ချီကျားဇယ်မှာ အံ့သြဖွယ်ကောင်းစွာပင် သူမတူစွာဖြင့် ကိုင်တွယ်ရန် ခက်ခဲလှသည်။ ဟယ့်ယွင်ထင် သူ့အား မည်မျှပင် တိုက်ခိုက်ပါစေ သုံးကြိမ် သေနတ်ပစ်ခံထားရသည့်တိုင် ဟယ့်ယွင်ထင် သူ့ထံမှ ဒဏ်ရာရရှိသွားစေရန် နီးကပ်လာသည်အထိ ဆက်လိုက်လာသည်။
"အားဇယ်" ချီကျားမူ အံကြိတ်ကာ ဟယ့်ယွင်ထင်ထံ အပြေးရောက်လာပြီး သူ့နာမည်ကို ထပ်ကာထပ်ကာ ခေါ်ဆိုပြီးနောက် ညီဖြစ်သူကို လက်မောင်းကြားထဲတွင် ထိန်းထားရင်း ဟယ့်ယွင်ထင်အား ပြောလိုက်သည်။

YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း