👾Chapter 47
အားဇယ်ဝမ်ထျန်းယောင်သည် စိတ်မတည်မငြိမ် ဖြစ်လာမိသည်။ ဒူးများက ပျော့ခွေလာပြီး တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိပါဘဲ ခြေတစ်လှမ်း ဆုတ်လိုက်သော်ငြား သမာဓိ ထိန်းထားနိုင်သေးသည်။ ဝမ်ထျန်းယောင် အလျင်အမြန် ဆိုသလို ခြေခိုင်ခိုင် ထားလိုက်သည်။
"ဗိုလ်ချုပ်က ဒီနေရာမှာ ပြောင်မြောက်လှတဲ့ ကွပ်ကဲသူပဲလေ... တကယ်လို့သာ ထွက်သွားပြီး ပြန်မလာနိုင်ခဲ့ရင် ကျွန်တော်တို့ ဘာလုပ်ကြရတော့မှာလဲ"
“ဒိုင်းကာတွေကို အထူဆုံးထိ ဖွင့်ထားလိုက်... အဓိက လက်နက်ကိုလည်း စွမ်းအင်ချွေတာဖို့အတွက် လျှပ်စစ်သံလိုက်အမြောက်တွေဆီကနေ ကျည်ဖူးအမြောက်တွေဆီကို ပြောင်းလိုက်"
ဟယ့်ယွင်ထင်က ယဲ့လင်အား အမိန့်ပေးနေစဥ်မှာပင် ကော်လံအတွန့်အခေါက်လေးများကိုပင် ချောချောမွေ့မွေ့ ပြန်ဖြေလိုက်သေးသည်။
"အရှင်မင်းသားက ကျွန်တော်နဲ့အတူ ထွက်တိုက်ချင်လား... ဒါမှမဟုတ် အားလုံးကို ခုန်မှတ်နေရာမှာပဲ ပိတ်မိနေပြီးတော့ ဇာဂ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပွဲတော်ဆက်ခွင့်ပြုလိုက်မှာလား"
ထိုသူ၏ မျက်နှာထက်ရှိ အမူအရာများကမပြောင်းလဲသော်ငြား ဟယ့်ယွင်ထင်အား သိနေကြသည့် ထိုနေရာတွင် ရှိနေကြသူများမှာ ထိုကဲ့သို့ ခံရခက်စေသော စကားများ ပြောထွက်လာခြင်းက ဝမ်ထျန်းယောင်အား အလွန်အမင်း ဒေါသထွက်နေလေပြီဟု ဆိုလိုကြောင်း သိနေကြသည်။
သိသိသာသာပင် ဝမ်ထျန်းယောင်ကလည်း တုံးအသူမဟုတ်သဖြင့် တစ်ခဏမျှ မပျော်မရွှင် ဖြစ်သွားသော်လည်း အမူအရာကို ထိန်းသိမ်းရန် ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့သေးသည်။
"ဒါဆို ကျွန်တော် ဘာကူညီပေးနိုင်မလဲ... တခြားဟာထားလိုက်ဦး... မစ္စတာလင်းလို အိုမီဂါတစ်ယောက်က မက်ခါ မမောင်းနိုင်ရင် စစ်သင်္ဘောထဲမှာပဲ နေခဲ့သင့်တာလေ"
“ကျွန်တော် သိရသလောက် အရှင်မင်းသားက သင်္ဘောတက်တဲ့အချိန်မှာ ကိုယ်ပိုင်အစောင့်အရှောက်တွေ ခေါ်လာတဲ့အပြင် မင်းသားရဲ့ ကိုယ်ပိုင်မက်ခါကိုလည်း သယ်လာခဲ့သေးတယ်မလား"

YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း