Chapter 46

320 47 1
                                    

👾Chapter 46
[ ဟယ့်ယွင်ထင်သည် အဝါရောင်သဲများပြည့်နက်သောလွင်တီးခေါင်ဟင်းလင်းပြင်ဂြုလ်ကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။ ]

ဟယ့်ယွင်ထင် က ဆက်လက်၍အမိန့်ပေးသည်။

" အလှလေး-၂  လျှပ်စစ်သံလိုက်အမြောက်ပစ်ရန် ဆယ်စက္ကန့်ချိန် "

" ဟုတ် "

၀မ်ထျန်းယောင်သည် နေရာ၌ ခြေဆောင့်နင်းလိုက်သည် ။ ရှီးယွမ်က မဖြုံသည့်ပုံစံဖြင့် သူ့ကို မတားဆီးပေ။

လင်းဟန်က ဘေးတွင်ရပ်နေပြီး အေးစက်စွာကြည့်ကာ စိတ်ဖတ်ခဲ့သည်ကို ပြန်လည်သတိရသွားသည်။ သူ၏ယခင် အတွင်းစိတ်အတွေးများနှင့် ၀မ်ထျန်းယောင်၏ လက်ရှိလုပ်ဆောင်ချက်ကို ပေါင်းစပ်ပြီးနောက် ထိုသူသည် ဤနေရာတွင် ဇာ့ဂ်များချုံခိုတိုက်ခိုက်မည်ကို အမှန်တကယ် မသိရှိကြောင်း နားလည်လိုက်သည်။

သို့သော် မှားယွင်းသည့်အရာ ရှိနေရပေမည်။

ဇာ့ဂ်များသည် အဘယ့်ကြောင့် ဤနေရာသို့ ဦးတည်ခဲ့ရသနည်း ။ အရေအတွက် မည်မျှခန့် ရှိသနည်း။ တိုက်ဆိုင်မှုတစ်ခုဖြစ်သလား သို့မဟုတ် တကယ်ပဲ ရည်ရွယ်ချက်ရှိစွာ ပြုလုပ်ခြင်းဖြစ်လျှင် ယခုလိုလုပ်ရသည့် ရည်ရွယ်ချက်မှာ အဘယ်နည်း။

လင်းဟန်က မျက်မှောင်ကြုတ်သွားပြီး တစ်ခုခုအား ခန့်မှန်းမိလိုက်သည် ။

ဇာ့ဂ်များ၏ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝနှင့်အတူ ဤဧရာမပိုးကောင်ကြီးတည်ရှိမှုသည် ၎င်းတို့ အင်ပါယာသို့ ပြန်ရောက်သောအခါ ဖုံးကွယ်ထားနိုင်မည်မဟုတ်သည်မှာ သေချာသည်။ သို့သော် အင်ပါယာသို့ ချောမွေ့စွာပြန်သွားနိုင်ရန်မှာ ၎င်းတို့သည် ခုန်ကျော်မှုမပြုလုပ်မီ ဇာ့ဂ်များကို အရင်ဖျက်ဆီးပစ်ရမည်ဖြစ်သည်။

ပြီးခဲ့သောရက်အနည်းငယ်ကပင် ပင်မငြိမ်းချမ်းရေးအဖွဲ့ခွဲမှ ထိပ်တန်းအရာရှိသည် ဇာ့ဂ်ထံမှ ချစ်ကြည်ရေးအပြုအမူများအား လက်ခံမည်ဟု အများပိုင်ရုပ်မြင်သံကြားတွင် ပြောကြားခဲ့သည်။ ယခုအခါ စေ့စပ်ညှိနှိုင်းမှုများပင် အကောင်အထည်မဖော်ရသေးခင်၊ နယ်စပ်ဒေသဘက်ခြမ်း၌ တိုက်ပွဲမှာ စတင်ခဲ့လေပြီ။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now