အပိုင်း တစ်ဆယ့်နှစ်

2.7K 85 5
                                    

ဓာတ်ပုံ

*လူနာလာတွေ့တာပါ*

ဒီစကားလုံးတွေရှိနေတဲ့ဖုန်းစခရင်ကိုပြလိုက်တဲ့အခါ သူနာပြုဆရာမကမော့ကြည့်ရင်းဟီးဂျူကိုအပြုံးမျက်နှာနဲ့နှုတ်ဆက်လာတယ်။

"ဟီးဂျူ မတွေ့ရတာကြာပြီနော်"

သူ့စကားကိုတုံ့ပြန်တဲ့အနေနဲ့ဟီးဂျူယဥ်ယဥ်ကျေးကျေး ခေါင်းညိတ်ပြပြီး ကော်ရစ်ဒါအတိုင်းလျှောက်သွားလိုက်တယ်။ ကွန်ကရစ်နံရံတွေအစားမှန်နံရံတွေလုပ်ထားတဲ့ကျေးဇူးကြောင့်စိမ်းစိုလှပနေတဲ့ဥယျာဥ်ကြီးက တစ်ချက်လောက်ဝေ့ဝဲကြည့်လိုက်ရုံနဲ့အမြင်အာရုံထဲကိုတန်းရောက်လာတယ်လေ။

ဒါက ကိုရီးယားရဲ့ထိပ်တန်းဘိုးဘွားရိပ်သာတွေထဲကတစ်ခုပဲ။

ရင်းနှီးပြီးသားအခန်းနံပါတ်ရှေ့ရပ်နေရင်း ဟီးဂျူသူ့အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်သေချာလေးလုပ်ပြီးတော့မှတံခါးကိုဖွင့်လိုက်တယ်။

"အဖေ့ သမီးလာတယ်"

သူ့အသံကတကယ့်ကိုနူးညံ့ပြီးတိုးတိုးလေး။

"ကောင်းကောင်းနေနေရဲ့လား။အစားရောသေချာစားလား"

"...."

သူ့အသံကနွေးထွေးတဲ့အသံဆိုပေမဲ့လည်း သူ့အဖေရဲ့မျက်ဝန်းတွေကတော့ အာရုံမစိုက်နိုင်ဘဲ အဝေးကိုပဲငေးကြည့်နေတယ်။

ဟီးဂျူစကားကျယ်ကျယ်ပြောလို့ရတဲ့အချိန်ကသူ့အဖေဆီကိုအလည်လာတဲ့အချိန်ပဲ။ ဒါပေမဲ့ အဲ့ဒါတောင်မှ လူနှစ်​ယောက်အပြန်အလှန်ပြောကြတဲ့စကားမဟုတ်ဘူး။ သူ့အဖေကကန်ထဲမှာပိတ်မိနေတဲ့လူလိုပဲ။

"အဖေ ဒီနေရာကိုကြိုက်လား။နေရတာကောင်းလား"

"...."

"တစ်ခုခုတော့ပြောပါ။ကျေးဇူးပြုပြီး...အဖေ"

သူ့အဖေကအမြဲတမ်းကလပ်မှာဖျော်ဖြေရေးဝင်လုပ်နေရတဲ့လူ။ သူ့သမီးငယ်လေးကိုချယ်ရီခရမ်းချဥ်သီးနဲ့တင်ပျော်အောင်လုပ်ပေးနိုင်တဲ့လူလည်းဖြစ်သလို ဟီးဂျူကလည်းသူ့အဖေကိုချစ်ရှာတယ်။

ကလပ်ရဲ့မြေအောက်ခန်းလေးထဲမှာနေခဲ့ရပေမဲ့ နှစ်ယောက်အတူရှိနေချိန်ဆိုအထီးကျန်တယ်လို့မခံစားခဲ့ရဖူးဘူး။

ဖုန်းမြည်သောအခါWhere stories live. Discover now