2 [unicode]

689 24 1
                                    

[Uncoide]

တိတ်ဆိတ်နေသောအစည်းအဝေးခန်းထဲဝင်..စစ် အသံကလွဲပြီးအကုန်လုံးငြိမ်သက်နေကြသည်၊၊

ထိုအချိန် ဖုန်းတစ်ခုဝင်လာသည်...
"ဘာ.."
"ငါမင်းတို့ကိုဘာပြောထားလဲ..."
"အသက် 60/70အဘွားကြီးတစ်ယောက်တောင်မင်းတို့သေချာမကြည့်နိုင်ဘူးလား"

"ဆရာရယ်ကျွန်တော်တို့သေချာကြည့်ပါတယ်..ဒါပေမဲ့မိန်းကလေးအိမ်သာထဲတော့ဝင်လို့မရဘူးလေဗျာ"

"ဆက်ရှာထား"
စစ်လည်းဖုန်းချပြီး ..အစည်းအဝေးလုပ်နေတာကိုအခုမှသတိရမိသည်၊၊

"sorry.."
"အဲ့တာဆို ဒီလောက်ပဲနောက်လတွေအတွက်စာရင်းသေချာလုပ်ထားပါ"

"ဟုတ်"

အကုန်လုံးထွတ်သွားပြီးနောက် စစ်တစ်ယောက်မျက်ရိုးများကိုအသာဖိထားရသည်၊၊
စစ် ရဲ့အဖွားဖြစ်သူကစစ်ကိုနောက်အိမ်ထောင်ပြုဖို့ပြော‌ေနတာ၊ကိုယ်ကလည်းအလုပ်ပဲအာရုံရောက်နေတော့ သားလေးတောင်တစ်ခါတစ်လေပစ်ထားမိသလိုဖြစ်နေသည်၊၊
ဟုတ်ပါတယ် စစ်က ကလေးတစ်ယောက်အဖေ၊အိမ်ထောင်ကတော့ကွဲသွားပြီ၊ တော်ရုံဆို စစ်အိမ်ထောင်ကြမှမဟုတ်ဘူး.. ထောင်ချောက်မိသွားတယ်ပဲပြောရမလား

အဲ့နေ့က clubသွားတာ သောက်တာများသွားတော့ ကို့ကိုယ်ဘယ်သူလာခေါ်သွားမှန်းမသိဘူး...

မနက်နိုးတော့ဘေးမှာ ဟန်နီဆိုတဲ့မိန်းမကဘေးမှာ..
ဘယ်လိုမှသက်သေရှာမရတဲ့အဆုံး လက်ထပ်လိုက်တယ်၊၊
အဲ့တုန်းက အဖွားကဟန်နီနဲ့သဘောမတူပေမဲ့ ဟန်နီအ‌ေပါ်ကောင်းပေးရှာပါတယ်၊၊

သားလေး စစ်မင်းသူ တစ်နှစ်မပြည့်ခင်မှာ ကွာရှင်းခွင့်လာတောင်းသည်တဲ့လေ၊၊ဘာကြောင့်လည်းမေးတော့ သူကလွတ်လွတ်လပ်လပ်ပဲနေချင်တာတဲ့ ၊ချုပ်နှောင်တာတွေ သဘောမကြဘူး အဲ့တာကြောင့်ကွာရှင်းချင်တာတဲ့၊၊
အဲ့တော့ကလေးပါတစ်ခါထဲပေးခဲ့ကြောင်းလက်မှတ်ထိုးခိုင်းလိုက်တယ်၊၊
နောက်မပတ်သတ်ရအောင်...

ကိုယ်ကတော့အသက်ကြီးနေလို့အညိမ်နေပါပြောလည်းမရ.၊၊အခုလည်းကိုယ်ယံတော် လေး ငါး ခြောက်ယောက်ခန့်ပေးထားတာလည်းမရ ၊၊

"သက်ပိုင်"

"ဟုတ်ကဲ့ boss"

"ငါစောစောပြန်တော့မယ် သားကိုလည်းဝင်ကြိုရအုံးမယ်.."

"ဟုတ်ကဲ့ boss"

ဒုန်း....ခလွမ်း..

"မင်းဘာဖြစ်နေတာလဲ..လွန်းသံစဥ်
"ငါမစားဘူးလိုပြောထားတယ်မလား..."

"မောင်ရယ်..အရင်ကငါလက်ယာကိုကြိုက်လို့ဆို... မောင်ကြိုက်တဲ့ငါးဖယ်ဆီပြန်လေးချက်ထား‌ေလတယ်..မောင်.."

"ဟုတ်တယ် အရင်ကြိုက်တာ.."
"အခုမကြိုက်တော့ဘူး..မ နဲ့အပြင်မှသွားစားမှာ"
"နောက်တစ်ခါ ငါအတွတ်ထည့်မချက်နဲ့..."

"မောင် နည်းနည်းလေးတော့စားပါမောင်ရယ်"

"-ီး ဖြစ်နေတာလားကွာ....အုန်း.. ခလွမ်း"

ကောင်းမြတ် လွန်းခန္ဓာကိုယ်လေးကိုတွန်းချတာ ကျောကုန်းနဲ့စားပွဲရိုက်မိပြီး ကြမ်းပြင်ပေါ် ခွေခွေလေး ပြုတ်ကျသွားသည်၊၊

"မှတ်ထားမင်း... နောက်တစ်ခါဆိုဒီထက်ပိုဆိုးမယ်"

ကောင်းမြတ်ပြောလည်းပြော လွန်းကိုတစ်ချက်တောင်လှည့်မကြည့်ပဲကျောခိုင်းသွားသည်၊

မောင်ရယ်.. မင်းအဲ့လောင်ထိရက်စက်မှဖြစ်မှာလား...
ငါတို့အရင်ကပျော်ခဲ့တဲ့အချိန်လေးတွေ ငါပြန်လိုချင်မိတယ်မောင်...

မောင်က စချစ်ခဲ့တယ်ဆိုရင် ငါကဆက်ချစ်ပေးနေရသူပါမောင်ရယ်..

ဆက်ရန်.....

Votes လေးတွေပေးခဲ့ကျအုံးနော်..

မှားယွင်းခဲ့သောရင်ခုန်သံ [Ongoing]Where stories live. Discover now