အပိုင်း တစ်ဆယ်
အချက်အလက်များကိုစစ်ဆေးခြင်း
"ဟင်"
[လုပ်လေ ဆက်ပြော]
"ဒီ...ဒီတော့ ငါသူ့ပါးနားကိုဓားနဲ့ထိုးလိုက်သေးတယ်။"
ဒီလိုမျိုးဖြစ်သင့်တာရောဟုတ်ရဲ့လား။ထူးဆန်းတဲ့တစစ်စစ်ခံစားချက်က သူ့ရဲ့ပါးကနေနားရွက်ဖျားအထိရောက်နေတယ်။
[နောက်ထပ် ဘာဆက်ဖြစ်သေးလဲ]
"မင်းငါ့ကိုဖုန်းချလိုက်တယ်လေ။မှတ်မိလား။ အဲ့အချိန်ကစပြီးအကုန်လုံးအရှိန်မြင့်သွားတာ"
[မင်း ဘာလုပ်ခဲ့တာလဲ]
"ငါကတော့ ဘယ်လောက်တောင်ဖြစ်သွားလဲဆိုတာ သေချာတောင်မမှတ်မိပါဘူး။ဒါပေမဲ့ မင်းမိန်းမဘက်ကအရင်စတာနော်။သူကဒီအတိုင်းကြီးထဖောက်တာ။ဒဏ်ရာတွေဘာတွေတောင်ရသွားမယ်ထင်တယ်။"
[...]
"သူ့တကိုယ်လုံးရွှဲရွှဲစိုနေပြီး အင်္ကျီတွေကလည်းစုတ်ပြတ်..."
သူ့စကားကိုဖြတ်ချလိုက်တဲ့စူးရှရှလှောင်ရယ်သံခပ်တိုးတိုးကဖမ်းမိဖို့ခက်ခဲလှတယ်။
"ဟယ်လို ပြောတာနားရောထောင်နေရဲ့လား"
လည်ပင်းအထိကြက်သီးမွှေးညှင်းတွေထလာခဲ့ပြီး ဒါကသူစိတ်ထင်နေတာမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ သူဘယ်လောက်ပဲစောင့်စောင့် တစ်ဖက်လူဆီကနေတုံ့ပြန်မှုကမလာတော့ဘူး။
ကိုက်ခဲနေတဲ့လက်မောင်းကိုစက်ဝိုင်းပူံစံလှည့်ရင်းဟီးဂျူငိုမဲ့မဲ့ဖြစ်လာတယ်။
သူ့ကိုထပ်ပြီးအော်ရဦးမလားမအော်ရဘူးလားတွေးနေတုန်းမှာပဲ...
[ငါယောကျာ်းတစ်ယောက်ရဲ့မျက်နှာကိုဘယ်တုန်းကမှဒီလောက်ကြီးထိစိတ်မဝင်စားဖူးဘူး]
"...."
[အေးအေးချမ်းချမ်းနဲ့ကျေအေးတာကိုမေ့လိုက်]
"...."
[ပျော်ဖို့ကောင်းတော့မှာပဲ]
သူ့ရဲ့သိသိသာသာစိတ်မဝင်စားမှုကချက်ချင်းအငွေ့ပျံသွားပြီး ပြင်းထန်တဲ့အာရုံစိုက်မှုကအစားထိုးဝင်ရောက်လာခဲ့တယ်။ဒီလိုမျိုးရုတ်တရက်ကြီးပြောင်းလဲသွားတာကဟီးဂျူကိုအလန့်တကြားဖြစ်စေလေရဲ့။
