ခြိမ်းခြောက်ခြင်း
တီ တီ
ပြန်ဖျက်လို့မရတော့တဲ့ဖုန်းသံကပဲ့တင်ထပ်နေပြီး သူ့နှလုံးသားကလည်းဒရမ်တစ်ခုကိုပယ်ပယ်နယ်နယ်တီးနေသလိုဒုန်းဒုန်းဒိုင်းဒိုင်းခုန်နေခဲ့တယ်။
အခုကညဆယ်နာရီရှိပြီဆိုပေမဲ့ သူ့ယောကျာ်းကအိမ်ပြန်မလာသေးဘူး။
ဟီးဂျူရဲ့မျက်နှာမှာတင်းမာနေတဲ့ပုံရိပ်ကရှိနေခဲ့ပြီး လက်ကအငြိမ်မနေဘဲလည်ပင်းမှာရှိနေတဲ့ဆွဲကြိုးကိုသတိလက်လွတ်ကိုင်လိုက်ချလိုက်လုပ်နေမိတယ်။
'ငါလုပ်နေတာကမှန်ရောမှန်ရဲ့လား။ မ...မဟုတ်သေးဘူး ငါလုပ်နိုင်ပါတယ် ဟုတ်တယ်မလား'
ပြတ်သားတဲ့ဆန္ဒရယ် ခေါင်းမာမှုရယ်နဲ့စတင်ခဲ့တာကအခုဆို ပုံပေါ်လာခဲ့ပြီ။ ဒါပေမဲ့လည်းသူသေချာဂရုတစိုက်လုပ်ထားတဲ့အစီအစဥ်အကောင်အထည်ပေါ်လာတာနဲ့အမျှ သူ့အတွေးတွေက တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်လာခဲ့တယ်။
စိုးရိမ်ပင်ပန်းမှုကြောင့်သူအံကြိတ်ထားလိုက်မိတယ်။
'ဒီဟာအတွက်တစ်ခုခုသောက်ထားလိုက်သင့်တာ'
တီ တီ
အဆုံးမသတ်နိုင်တဲ့ဖုန်းဝင်သံက တဲတဲလေးရှိနေတဲ့ အချိန်ရေတွက်မှုလိုပဲ။
ကျော်လွန်သွားတဲ့စက္ကန့်တစ်ခုချင်းစီတိုင်းက သူ့ရဲ့ကူရာကယ်ရာမဲ့အခြေအနေကိုပြန်ပြီးသတိပေးနေတဲ့ညှင်းပန်းနှိပ်စက်မှုပဲဖြစ်တယ်။
နောက်ဆုံးတော့ အသက်ရှုသံပြင်းလာပြီး ခေါင်းကနည်းနည်းမူးလာသလိုဖြစ်နေတဲ့အချိန်မှာပဲ ဖုန်းဝင်သံကရပ်တန့်သွားခဲ့တယ်။
"..."
ရုတ်တရက်တိတ်ဆိတ်မှုမှာ ကြောက်ရွံ့မှုနဲ့အတူသူမျက်လုံးကိုမှိတ်ထားလိုက်တယ်။
'အလုပ်ဖြစ်သွားပြီ သူဖုန်းကိုင်တယ်'
'စိတ်လျှော့ စိတ်ငြိမ်အောင်နေ'
သူပထမဆုံးစကားလုံးကိုပြောမလို့အသက်ရှုလိုက်ချိန်မှာပဲ
[ဒီနေ့ရော ငါ့မိန်းမကမင်းလက်ထဲမှာသေတော့မှာလား]
"အဟွတ် အဟွတ်"
