Episode 5

2.8K 336 59
                                        

#Unicode

ယောက်ျားတစ်ယောက်၏အနမ်း ...
အဆိုးဝါးကြီးမဟုတ်သော်လည်း လက်ခံဖို့အတွက်တော့ ခက်ခဲနေသေး၏ ။ Taehyung အားကုန်သုံး၍ Jungkookကိုတွန်းဖယ်ကာ မတ်တတ်ထရပ်လိုက်သည် ။ ထို့နောက် ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ လက်သီးကိုသာတင်းတင်းဆုပ်ထားလိုက်မိ၏ ။

"အရှင်သခင် ..."

Jungkookက မယုံကြည်နိုင်ဖြစ်နေသည့် မျက်ဝန်းတွေဖြင့် Taehyung ကိုမော့ကြည့်နေသည် ။ Taehyung ပိုပြီးတော့တောင် ထိတ်လန့်လာ၍ အယောင်ယောင်အမှားမှားဖြစ်လာရသည် ။ ဘာမှစဥ်းစားမနေနိုင်တော့ဘဲ ဝတ်ရုံကို မ,၍ တစ်ချိုးတည်းထွက်ပြေးလိုက်မိ၏ ။

"အရှင်သခင် !"

Jungkook ၏အော်သံကြောင့် ကြက်သီးများ တဖြန်းဖြန်းထကာ Taehyung ပိုပြီးတော့ပင်မြန်မြန်ပြေးလိုက်သည် ။ ပါးစပ်ကနေလည်း ပေါက်တတ်ကရအော်ဟစ်နေမိ၏ ။

"ကယ်ကြပါ!! ကယ်ကြပါ!!"

တကယ်တမ်း Jungkook က Taehyungနောက်ကို လိုက်မလာပါချေ ... Taehyungဘာသာ တစ်ယောက်တည်းအော်ဟစ်ကာ ပြေးနေတာဖြစ်၏ ။ အဝတ်အစား ဖရိုဖရဲနှင့် အော်ဟစ်ပြေးလွှားနေသည့် Taehyung ရဲ့ပုံစံက ယွီဟွာ၏အုပ်ချုပ်သူနှင့် လားလားမျှမသက်ဆိုင်ပါပေ ။

"အရှင်သခင် ဘာဖြစ်တာလဲဘုရား"

ဟွန်းဟူက Taehyung ကိုအရှေ့ကနေပိတ်၍ဖမ်းထိန်းကာ မေးလေသည် ။ ထိုတော့မှသာ Taehyung အလန့်ပြေ၍ ကူကယ်ရာရသွားသလို ခံစားလိုက်ရသည် ။

"Jeon... Jeon Jungkook ကိုဖမ်းလိုက်! သူငါ့ကို မဖွယ်မရာလုပ်နေတယ်!"

"ဟင်!"

Taehyung အခုချိန်မှာ ပြောသင့် ၊ မပြောသင့်မစဥ်းစားနိုင်သလို အရှက်တရားနှင့်သိက္ခာတို့ကိုလည်း ထည့်မတွက်နိုင်သေးပေ ။ အဲ့ဒီ ၁၈နှစ်သားလေးကို ကြောက်လန့်နေတာပဲရှိ၏ ။ Taehyung အခုထိ ရင်တွေတုန်နေသည်ပင် မရပ်တန့်သေးပါ ။

"မင်း ဘာကိုကြောင်ကြည့်နေတာလဲ!! အဲ့ဒီကောင်စုတ်လေးကို ဖမ်းထားလို့!"

Taehyung ထပ်မံအော်ဟစ်လိုက်တော့မှ ဟွန်းဟူက အရိုအသေးပေးကာ ကပျာကယာပြေးထွက်သွားသည် ။

"ငါလိုအဖြောင့်တစ်ယောက်ကို လာနမ်းရဲတဲ့မင်းကို ပညာကောင်းကောင်းပေးရမယ်"

My Dangerous HusbandWhere stories live. Discover now