အပိုင်း ရှစ်

2.2K 85 2
                                    

လုံလုံလောက်လောက်လုပ်ခဲ့ပေးပြီးပြီ

အခန်းနံရံမှာညှိနှိုင်းခြင်းနဲ့ပတ်သက်တဲ့စာအုပ်တွေပြည့်နေတဲ့စာအုပ်စင်ကြီးတစ်ခုရှိနေခဲ့တယ်။

ဘဲ့ဆာအွန်းကသူ့ရဲ့နိုင်ငံရေးသိပ္ပံမာစတာတက်နေတုန်းက FBIအကယ်ဒမီလေ့ကျင့်ရေးသင်တန်းအစီအစဥ်မှာ NYPDကပို့ချခဲ့တဲ့ညှိနှိုင်းရေးသင်တန်းကိုပြီးခဲ့တဲ့နောက်ခံရှိသေးတယ်လေ။

ဓားစာခံတွေကိုကိုင်တွယ်ဖြေရှင်းရာမှာ ဆယ်ယောက်ဆိုကိုးယောက်ကစိတ်ခံစားမှုပိုင်းမှာယိမ်းယိုင်သွားကြပေမဲ့ ဘဲ့ဆာအွန်းကတော့ ကျူးလွန်သူရဲ့ထေ့ငေါ့စကားလုံးတွေဆီမှာရော လက်နက်ကြောင့်တုန်လှုပ်တာမျိုးရော တစ်ခါမှ မဖြစ်ဖူးဘူး။

ညှိနှိုင်းခြင်းရဲ့အခြေအမြစ်က လူအချင်းချင်းနားလည်မှုပဲ။

ညှိနှိုင်းစေ့စပ်သူတွေက စာနာနားလည်မှုကိုအသုံးပြုပြီး သူတို့တွေရဲ့ပြိုင်ဘက်တွေကိုလက်နက်ချဖို့ညှိနှိုင်းနိုင်စွမ်းကိုလိုအပ်တယ်။

ဒါပေမဲ့လည်း ဘဲ့ဆာအွန်းကတော့ ဒီစည်းမျဥ်းကိုအေးစက်တဲ့ဥပေက္ခာပြုခြင်းနဲ့တွက်ချက်ထားပြီးလူ့ကျင့်ဝတ်ကိုသွေဖည်တဲ့မေးခွန်းတွေနဲ့ပြောင်းပြန်ကိုင်တွယ်သွားခဲ့တာ။

ခံစားချက်တွေကိုကိုယ်လိုသလိုကိုင်တွယ်တာက စံပြညှိနှိုင်းစေ့စပ်သူရဲ့အရည်အချင်းတွေကနေသိသိသာသာသွေဖည်လာတဲ့ချဥ်းကပ်မှုနောက်တစ်မျိုးပါပဲ။ ​ဓားစာခံရဲ့လုံခြုံမှုကိုအာရုံစိုက်မဲ့အစား သူကပြန်ပေးဆွဲသူကိုစိတ်ပြိုလဲအောင်လုပ်တာကသူ့ကိုပျော်ရွှင်မှုရရှိစေတယ်လေ။

သူ့သားရဲ့စာနာနားလည်ပေးနိုင်မှုအခြမ်းမှာလိုအပ်မှုကိုသိနေတဲ့သူ့အမေကတော့ သူ့ကိုဒီနယ်ပယ်ထဲဆက်မသွားနိုင်အောင်တားမြစ်ခဲ့တယ်။

"နင်ကအာသွက်လျှာသွက်ရှိတာပဲရှိတာ။ ညှိနှိုင်းစေ့စပ်တာမဟုတ်ဘူး။"

ဒါကသူ့ရဲ့အေးစက်စက်ထင်မြင်ချက်ပဲ။

ဖြစ်ချင်တော့လည်း အဲ့ဒီအာသက်လျှာသွက်ရှိတာကပဲ သူ့ကိုအရေးပါတဲ့နိုင်ငံရေးမဟာဗျူဟာတွေးခေါ်တတ်သူအဖြစ်တွန်းပို့တဲ့အခြေခံအကြောင်းရင်းဖြစ်ခဲ့တယ်လေ။

ဖုန်းမြည်သောအခါWhere stories live. Discover now