အပိုင်း ခုနှစ်

3.2K 109 5
                                    

"ဟ...ဟား.."

တစ်ဝက်ကျော်ကျော်တစ်စစီကွဲနေတဲ့မှန်ပြတင်းပေါက်က လျင်လျင်မြန်မြန်ပဲကြမ်းပြင်ပေါ်ကိုကျသွားခဲ့တယ်။

ကျန်နေသေးတဲ့အစိတ်အပိုင်းတွေကို အဆက်မပြတ်လက်နဲ့ထိုးပြီးတဲ့နောက်မှာ ဟီးဂျူအပြင်ကိုထွက်လာနိုင်ခဲ့ပြီ။

"ဟ...ဟား"

ပုံပျက်ပန်းပျက်ရှိနေတဲ့ကားရဲ့ဦးပိုင်းနားထိုင်ချလိုက်ရင်း သူအော်ရယ်လိုက်မိတယ်။

အေးစက်တဲ့မိုးစက်တွေက ထူးထူးဆန်းဆန်း လန်းဆန်းစေသလိုပဲ။

"...."

သူ့ယောက္ခမရဲ့မဲဆွယ်ပွဲမစခင်အချိန်တစ်လပဲကျန်တော့တယ်။ ဟီးဂျူသူ့လက်ကိုကြည့်လိုက်မိတဲ့အချိန်မှာပဲ နူးညံ့တဲ့အပြုံးတစ်ခုကမျက်နှာမှာပွင့်လန်းလာခဲ့တယ်။

တော်လောက်ပြီ။ဒီသနားစရာအခြေအနေကြီးကိုနောင်တမရှိဘဲစွန့်လွှတ်လိုက်ကြတာပေါ့။

အဲ့လူကပြန်ရွေးငွေကိုဝမ်နှစ်ဘီလျံပေးစရာအကြောင်းမရှိဘူးလေ။

ဟီးဂျူကသူ့ရဲ့လက်ဖဝါးထဲမှာရှိနေတဲ့ လေးလံတဲ့အရာကိုပွတ်သပ်နေရင်းစိုက်ကြည့်နေမိတယ်။ ပြန်ပေးဆွဲတဲ့လူရဲ့အသံပြောင်းတဲ့ပစ္စည်းကသူ့အပိုင်ဖြစ်သွားပြီပဲ။

'ငါတို့ ကွာရှင်းမှ ဖြစ်တော့မှာပေါ့'

************************************

ဂုဏ်သရေရှိပြောရေးဆိုခွင့်ရှိသူကြီးကိုခြိမ်းခြောက်ပြီး အရင်ပြန်ပေးဆွဲတဲ့လူလိုမျိုးပြောဖို့ဆိုရင်...

"အဟမ်း..."

သူ့ရဲ့ညစာကိုအေးအေးသက်သာစားနေရင်းဟီးဂျူလည်ချောင်းရှင်းလိုက်တယ်။

'ဒီလိုမျိုးစိတ်ဓာတ်တက်ကြွခဲ့တာဘယ်လောက်တောင်ကြာသွားပြီလဲ'

ဘဲ့ဆာအွန်းကိုခြိမ်းခြောက်ရမယ်ဆိုတဲ့အတွေးနဲ့တင် သူ့မှာအားပြန်ပြည့်လာသလိုပဲ။ စားပွဲပေါ်မှာရှိနေတဲ့ ပန်းကန်ထဲကထမင်းကိုမွှေနေရင်းဟီးဂျူပြုံးလိုက်မိတယ်။

သူ့ရဲ့တောင့်တင်းနေတဲ့ပုခုံးကနာကျင်နေပေမဲ့ သူဆုံးဖြတ်ချက်ချလိုက်တဲ့သန္နိဋ္ဌာန်ကခံစားရတဲ့ဝေဒနါထက်ပိုသာနေတယ်လေ။

ဖုန်းမြည်သောအခါWhere stories live. Discover now