1 [unicode]

996 28 2
                                    

[Uncoide]

ဖြောင်း.....

ရိုက်သံအဆုံး .. ကြမ်းပြင်ပေါ်သို့လည်ကျသွားသည့်..လွန်းသံစဥ်၊၊

"ငါဘာသာဘယ်သူနဲ့ပဲ တွဲတွဲ မင်းဝင်ပါစရာမလိုဘူး...ယမင်းက မင်းထက်အစပေါင်းများစွာသာတယ်..ပိုက်ဆံလည်းရှိတယ်..
မင်းလိုကောင်က ဘယ်လောက်ရိုက်ရိုက် စောင့်မှတ်မရှိတဲ့ကောင်"

ကောင်းမြတ်ရိုက်လိုက်သည့် အား ပြင်းလားမပြင်းလားဆိုရင်..လွန်း ပါးစပ်ထဲသွေးတွေကျလာသည်အထိ၊၊

"မောင်ရယ်.."
"မင်း လွန်ပြီမထင်ဘူးလား..ဒီနေ့ငါတို့နှစ်ယောက်ရဲ့ဘာနေ့ဆိုတာမင်းသိရောသိသေးရဲ့လား.."

လွန်းပြောတော့မောင်ဟာ ခနညိမ်သက်သွားပြီး ပြန်ပြောလိုက်သည့်စကားက လွန်းရင်ဘတ်တစ်ခုလုံးနာကျင်သွားရသည်၊၊

"ဘာနေ့ပဲဖြစ်ဖြစ်မင်းနဲ့ပတ်သတ်ခဲ့တဲ့အချိန်တွေဟာ ငါအတွတ်ဘာတစ်ခုမှအရေးမပါခဲ့ဘူး"

မောင်ပြောတဲ့စကားကြောင့် လွန်းတကယ်ကိုစွန့်အ သွားခဲ့သည်၊၊သူတို့နှစ်ယောက်ဖြတ်သန်းခဲ့တဲ့နှစ်တွေကတကယ်ကိုပဲ မောင့်အတွက်အရေးမပါခဲ့တာလား၊၊

"တော်ပြီ အိမ်ကိုပြန်မလာချင်တာအဲ့တာကြောင့်"

မောင်ဟာပြောပြီပြီးခြင်း လွန်းကိုတစ်ချက်တောင်လှည့်မကြည့်ပဲကျောခိုင်းသွားခဲ့သည့် မောင်..၊၊
လွန်းတားချင်ပေမဲ့ လွန်းတားရင်ရော မောင်ကတားလို့ရမှာတဲ့လား...

ကောင်းမြတ်ကားမောင်းနေရင်း အတွေးထဲမှာ သူလွန်းကို အရင်ကချစ်ခဲ့ဖူးသည်..အဲ့တာကလည်းစိတ်ကစားခြင်းသာ၊၊ဒါပေမဲ့ တွဲတာကြာလေ လေသူ့ လွန်းကိုငြီးငွေ့လာလေ လေပဲ၊၊
မ နဲ့လွန်း နဲ့ယှဥ်လိုက်ရင် မ ကအစစအရာရာသာသည်၊၊
သူ့ကိုသာယာမှုပေးသည်၊၊သူလိုချင်သမျှ အကုန်ဝယ်ပေးတယ်၊၊မ ကလည်းသူကိုချစ်သလို သူကလည်းမကိုချစ်သည်၊၊

ပြီးတော့လွန်းက ဘာဘွဲ့တစ်ခုမှမရှိတော့ သူရဲ့ ခင်ပွန်းပါဆိုပြီးပွဲထုတ်ရန်မတင့်တယ်ဘူး၊၊
မ သာဆိုလည်း သူဘယ်နေရာရောက်ရောက်မျက်နှာပန်းလှသည်၊၊
ကောင်းမြတ် ဆက်မတွေးတော့ပဲ မ ရှိရာဟိုတယ်ကိုသာမောင်ထွတ်လာလိုက်တော့သည်၊၊

မှားယွင်းခဲ့သောရင်ခုန်သံ [Ongoing]Where stories live. Discover now