အရာအားလုံးက အနှောင့်အယှက်ပဲ
[ထဘီခြုံကြားထဲကလက်သီးထောင်ပြနေတဲ့လူပဲ]
ဝေးကွာနေတဲ့အသံကဖုန်းထဲမှာတောင်လေးပင်နေသလိုပဲ။ဒီလိုပုတ်ခတ်သံကိုကြားလိုက်ရတော့ ဟီးဂျူတစ်ယောက် သူ့ယောကျာ်းပြောနေကျတရွဲ့တစောင်းမှတ်ချက်ကိုတောင်သတိရမိသွားရဲ့။
[ဘယ်သူကပိုဆိုးလဲဆိုတာကိုပြိုင်ချင်နေတာလား]
"ငါပြောတဲ့စကားတွေက..."
[တရားရုံးမှာတွေ့ရင်သေချာလေးဂရုစိုက်ပေးမယ်]
ဘဲ့ဆာအွန်းရဲ့အေးတိအေးစက်အသံနဲ့ဖုန်းခေါ်ဆိုမှုကအဆုံးသတ်သွားခဲ့တယ်။ အရှက်ရသွားတဲ့ခံစားချက်က လက်နဲ့ပါးနှစ်ဖက်ကိုမီးလောင်နေသလိုပူလောင်လာစေတယ်။
"ပြန်ခေါ်လိုက်"
"ဟင်"
"ထပ်ခေါ်လိုက်။အဲ့ကောင်ဖုန်းမကိုင်မချင်း"
"အစ်မရေ ဒါက"
သူ့အရိုးတွေကအစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားသလို ဟီးဂျူခံစားနေရတယ်။
[လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာစက်ပိတ်ထားပါသဖြင့် ပီဟူသောအသံကြားပြီးပါက ယခုဖုန်းခေါ်ဆိုမှုမှာ အသံမေးလ်ထဲသို့ရောက်ရှိသွားမှာဖြစ်ပါတယ်။ ယခုဖုန်းခေါ်ဆိုမှုအတွက်ဖုန်းခေါ်ဆိုခကောက်ခံမှာဖြစ်ပါတယ်ရှင်။]
တီ
ခွေးကောင် ဒီကောင်ကတကယ့်ချီးထုပ်ပဲ။ ဒီကောင့်မှာလူမှုရေးကျင့်ဝတ်ကတစ်ကျပ်သားမှရှိမနေဘူး။
"အ အာ အစ်မ အရှေ့ကိုကြည့်"
သူပြောတဲ့စကားကိုဘာဆိုဘာမှမကြားနိုင်အောင် ဟီးဂျူကတော့နစ်မွန်းနေခဲ့ပြီ။
ဟီးဂျူစဥ်းစားလို့ရခဲ့တာကတော့ သူ့ရဲ့စတီယာရင်တိုင်ကိုထိန်းချုပ်ဖို့ပုံပျက်ပန်းပျက်ကျရှုံးသွားတာပဲ။
*************************************
"ဘာလို့နင်တစ်ယောက်ပဲအဆင်ပြေနေရတာလဲ။"
အက်ကွဲနေတဲ့အော်သံက ကလေးဘဝဟီးဂျူရဲ့နားထဲကိုရိုက်ခတ်လာခဲ့တယ်။
