အပိုင်း ငါး

4.6K 120 2
                                    

ညှိနှိုင်းခြင်း

"ဒါက အင်တာနက်နဲ့ပြောရတဲ့အမေရိကန်နံပါတ်လေ။ ဒါပေမဲ့ ငါကဖုန်းခေါ်တဲ့IDကိုကိုယ်တိုင်ပြောင်းထားလို့ ခြေရာခံလို့မရဘူး။VPNကတောက်လျှောက်ပြောင်းနေမှာဆိူတော့ ဆယ်မိနစ်လောက်ပဲသုံးလို့ရတယ်။"

"...."

"ဘဲ့ဆာအွန်း...သူ့အသံ"

တတူတူနဲ့မြည်နေတဲ့ဖုန်းသံကထပ်ပြီးကျသွားပြန်တယ်။

"သူစကားပြောတာကြားချင်တယ်လို့"

မရေမတွက်နိုင်လောက်တဲ့ဖုန်းခေါ်ဆိုမှုတွေနဲ့တတူတူမြည်လို့အပြီးမှာတော့ ကားကတဖန်တိတ်ဆိတ်သွားပြန်တယ်။

"ကိုင်လေ ကိုင်လေ ဖုန်းကိုင်လို့ ချီးပဲ"

နီရဲတောက်နေတဲ့မျက်ဝန်းတွေနဲ့လူကဖုန်းထပ်ဆက်လိုက်ပြန်တယ်။ ဒီလူကစိတ်လွတ်သွားဖို့ကိုတဲတဲလေးလိုတော့တာပဲ။

'ဒီအချိန်မှာ ငါစတီယာရင်တိုင်က်ုလှည့်လိုက်ရင်ဘယ်လိုဖြစ်သွားမလဲ ငါ့အိတ်နဲ့ဖုန်းကပြန်ပေးဆွဲတဲ့လူဆီကိုရောက်နေပြီးသားဆိုတော့ တစ်ခုခုကိုဝင်တိုက်ပြီးလွတ်အောင်ထွက်ပြေးရင်ကောင်းမလား။'

ဟီးဂျူမှုန်ဝါးနေတဲ့အရှေ့မှန်ကိုကြည့်ပြီး အနောက်ကိုဝေ့ဝဲကြည့်လိုက်တယ်။ သူသာဒီနေရာကနေထွက်ပြေးနိုင်ရင် တခြားတစ်ယောက်ယောက်ကကားတိုက်မှုကိုသတင်းပို့နိုင်မှာပဲ။

"ချီး.."

ပြန်ပေးဆွဲတဲ့လူကနံရံကိုမှီချပြီးဖုန်းကိုပစ်ချလိုက်တယ်။ သူ့ဆံပင်ကိုဆွဲဖွလိုက်တဲ့လူရဲ့မျက်ဝန်းထဲမှာဒေါသရိပ်တွေကပြည့်နှက်နေခဲ့ပြီး စူးရှတဲ့ဓားသွားကသူ့ရဲ့မေးရိုးနားအဖိခံလိုက်ရတယ်။

ငြီးငွေ့စရာကောင်းတဲ့တတူတူအသံနဲ့အတူ စည်းချက်ညီညီကျဆင်းနေတဲ့မိုးသံကထပ်တူညီစွာပေါ်ထွက်နေခဲ့တယ်။

"စိတ်လွတ်သွားတာလား"

"အ"

ပြင်းထန်တဲ့နာကျင်မှုကဝင်ရောက်လာတာမို့ သူပါးစပ်ကိုဖွင့်လိုက်မိတယ်။

"ဒါက အသုံးမဝင်ဘူးနော်"

သူ့ရဲ့ခြောက်သွေ့နေတဲ့အသံက သူကိုယ်တိုင်အတွက်တောင်မရင်းနှီးနေသလိုပဲ။ နောက်ထပ်တုံ့ဆိုင်းနေစရာမလိုတော့ဘူးလေ။

ဖုန်းမြည်သောအခါWhere stories live. Discover now