အခန်း(၂၁)

9.1K 130 4
                                        

နှင်းဆီနီတွေ များပြားစွာပွင့်နေတဲ့ ပန်းခင်းကြီးထဲမှာ အဖြူရောင် ရှပ်အင်္ကျီနဲ့ အနက်ရောင် ဘောင်းဘီကိုဝတ်ထားတဲ့ လူတစ်ယောက်ကို ထိုးထွင်းမြင်နေရသည်။ ချောကလက်ကို အဖြူရောင်ဖောက်ထားတဲ့ အသားရောင်နဲ့ ထိုသူဟာ အသားညိုတယ်ဆိုပေမဲ့ တကယ့်ခန့်ချောပေ။ မျက်လုံး‌မျက်ဖန်က ဆွဲဆောင်မှုရှိတဲ့ဘက်ကို သွားပြီး ၆ပေကျော် ရှိတဲ့ အရပ်နဲ့ ကြွက်သားတွေက ပုရိသ မှန်သမျှကို ဆွဲဆောင်နိုင်လေသည်။ ထိုသူသည် အဓိပ္ပာယ်မဲ့စွာ နှင်းဆီပန်းခင်းကြီးကို ရပ်‌ကြည့်နေသည်။

*နှင်းဆီနီတွေကို သိပ်ကြိုက်တယ်မောင်၊ သူတို့ကို မြင်ရင် မြရဲ့ ယုံကြည်မှုတွေ ရဲရင့်မှုတွေ ပိုတိုးလာသလို ခံစားရတယ်*

တစ်ချိန်က သူမလေးပြောခဲ့တဲ့ စကားတွေကြောင့် သူ့ရဲ့ နှုတ်ခမ်းတစ်ဖက် တွန့်သွားရသည်။

*ဒီ နှင်းဆီတွေ အကုန်ပွင့်တဲ့ အချိန်ထိတောင် မင်းက မစောင့်ခဲ့ပဲ မြရယ်*

နီးကပ်လာတဲ့ ခြေသံနဲ့အတူ အဏ္ဏဝါရဲ့ မျက်လုံးအစုံဟာ ပွင့်လာရတော့သည်။ တစ်ဖက်လူရဲ့ ပြောစကားတွေကို နားထောင်ပြီး သက်မပြင်းပြင်းကို ချလိုက်‌သည်။

စိတ်ထဲမှာ ဟိုးအရင်တုန်းက တွေ့ဖူးခဲ့တဲ့ မျက်နှာကို ပုံဖော် ကြည့်မိသည်။ တကယ်ကို သူမ အမ ဖြစ်သူနဲ့ တထေရာထဲပဲ ။

လေးအေးအေးလေး ဖြတ်တိုက်သွားချိန်မှာတော့ အဏ္ဏဝါ နူးညံ့ဆုံးအပြုံးလေးကို ပန်ဆင်ကာ...

*ကိုယ် မင်းကို ပေးခဲ့တဲ့ ကတိကို တည်မှာပါ*

🌻🌻🌻

မာန် ‌ကားစက်စတ်ကာ ရှေ့မှာရှိနေတဲ့ နေရာကို တွေတွေလေးကြည့်လိုက်သည်။

*မင်းတို့သားအမိက ကိုယ့်ဆီမလာမှတော့ ကိုယ်က မင်းတို့သားအမိဆီလာရမှာပေါ့*

ခရမ်းရောင် လာဗင်ဒါ ပန်းစည်းလေးနဲ့ ချောကလက် ပန်းစည်း‌ေလးကို ကိုင်ကာ မာန် ကားပေါ်မှ ဆင်းလိုက်သည်။

*မိုးကလေ လာဗင်ဒါပန်းတွေကို အကြိုက်ဆုံးပဲသိလား ၊ ဒီပန်းတွေကို မြင်ရင်ကို တစ်ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်ရလိုက်သလိုပဲ*

ဥပက္ခာတံတိုင်းWhere stories live. Discover now