ဖုန်းခေါ်ခြင်း
ဟီးဂျူအထိတ်တလန့်နဲ့သူ့လက်ကိုရှေ့ထုတ်ပြီး စတီယာရင်ဘီးကိုကိုင်လိုက်တယ်။
"ပြောတာကိုလိုက်လုပ်နော်။ သွားမဲ့နေရာမရောက်မချင်းမရပ်လိုက်နဲ့။"
သူမရဲ့နားရွက်ကိုပွတ်တိုက်သွားတဲ့ထွက်သက်ပူပူကရွံချင်စရာပဲ။
ဘယ်သူလဲမသိသလို စိတ်တည်ငြိမ်ပုံမရနေတဲ့လူကပိတ်လှောင်ထားတာကိုခံရတဲ့အခါ ဟီးဂျူကိုကြောက်ရွံ့စိတ်ကတစ်စတစ်စတိုက်စားလာတယ်။ချွေးတွေနဲ့ရွှဲနစ်နေတဲ့လက်ဖဝါးနဲ့စတီယာရင်ဘီးကိုလှည့်လိုက်တယ်။
တူ...တူ...
ရင်းနှီးနေတဲ့ဖုန်းခေါ်ဆိုသံကြောင့် သူမအာရုံစိုက်လိုက်မိတယ်။ဖုန်းကိုကိုင်ထားတဲ့လူကစပီကာဖွင့်ထားတာလေ။
တူ...တူ...
အသံကရှည်လာတာနဲ့အတူအရက်စွဲနေတာလို့ထင်ရတဲ့လူရဲ့လက်တွေကလည်းပိုတုန်လာခဲ့တယ်။
တူ...တူ...
အနောက်မှာရှိနေတဲ့လူရဲ့အသက်ရှုသံကတဖြည်းဖြည်းပြင်းထန်လာတာကိုသတိထားမိပေမဲ့လည်း ဟီးဂျူကတော့လမ်းမကြီးကိုပဲဆက်တိုက်ကြည့်နေလိုက်တယ်။
[ဟုတ်ကဲ့ ဘဲ့ဆာအွန်းပါ]
"...."
ဘဲ့ဆာအွန်းကတော့အသံလေးနဲ့တင်ဟီးဂျူတကိုယ်လုံးကိုတုန်လှုပ်စေနိုင်စွမ်းရှိတဲ့သူပါပဲ။သူတို့ရဲ့လက်ထပ်ပြီးသားမခိုင်မာတဲ့ဆက်ဆံရေးကလွဲရင် အခုထိကိုသူ့အသံကဟီးဂျူအတွက်အင်အားကောင်းတဲ့စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကိုဖြစ်စေတုန်းပဲ။
[မပြောရင် ဖုန်းချလိုက်တော့မယ်။]
ဆာအွန်းရဲ့စိတ်တိုနေတဲ့အသံကသူတော်တော်ဒေါသထွက်နေတယ်ဆိုတာကိုပုံဖော်နေတာပါပဲ။ပြန်ပေးဆွဲထားတဲ့လူရဲ့နှုတ်ခမ်းထောငိ့တွေက မခံမရပ်နိုင်ဖြစ်တဲ့ပုံစံနဲ့တွန့်သွားတယ်။
"ဘဲ့...ဘဲ့ဆာအွန်း...ပြောချင်...ချင်တာက"
[ဒီနံပါတ်က...ကိုရီးယားနံပါတ်မဟုတ်ဘူးထင်တယ်နော်။]
ဘဲ့ဆာအွန်းရဲ့အသံကအစပိုင်းမှာကျယ်ပြီးခဏတိုးသွားပြီးတဲ့နောက် တစ်ခါပြန်ကျယ်လာတာက သူနံပါတ်ကိုနှစ်ခါပြန်စစ်တာထင်ပါရဲ့။
