ပြန်ပေးဆွဲခြင်း
'ကားအဟက်ခံရတာလား'
ကားထဲကထိန်းချုပ်တဲ့အရာတွေအဟက်ခံရတယ်ဆိုရင် တစ်စုံတစ်ယောက်က ကားစက်နှိုးတာ၊သော့တွေ၊ဘလက်ဘောက်၊ကားသွားမဲ့လမ်းကြောင်း၊ရေဒီယို၊အဲကွန်း၊အင်ဂျင်နဲ့ဘရိတ်အပြင်တခြားအရာတွေကိုပါသူ့စိတ်ကြိုက်ထိန်းချုပ်လို့ရတယ်တဲ့။
သူ့ကားကအဟက်ခံရတာလား ဒါမှမဟုတ် လျှို့ဝှက်လုပ်ကြံခံရတာလားဆိုတာကိုဟီးဂျူသေချာမသိနေဘူး။
'အဟက်ခံရတယ်ဆိုရင်တောင်ဘယ်သူကလုပ်မှာလဲ။ ဘယ်သူကအမိန့်ပေးထားတာလဲ'
ယောက္ခမတွေကအရမ်းနာမည်ကြီးတဲ့လူတွေဆိုတော့ သူတို့တွေမှာရန်သူတွေရှိနေတာကသဘာဝပဲ။ဒီလိုတွေးလိုက်တော့သံသယဖြစ်စရာလူတွေအများကြီးကအတွေးထဲရောက်လာခဲ့တယ်။ဥပမာ ယောက္ခမကြီးနဲ့ထိပ်တိုက်တွေ့ဖူးတဲ့နိုင်ငံရေးပြိုင်ဘက်တွေ ဒါမှမဟုတ် ဆန်းဂယောင်းနေ့စဥ်သတင်းစာနဲ့ရန်ညှိုးရန်စရှိတဲ့လူတွေ
'ဒါပေမဲ့အမျိုးတွေထဲမှာမှဘာလို့ငါ့ကိုပစ်မှတ်ထားတာလဲ'
သူ့ရဲ့တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေကစိတ်ပျက်အားငယ်မှုနဲ့အတူလျော့ရဲသွားခဲ့တယ်။
'ငါက...အပေါင်ပစ္စည်းဖြစ်ဖို့ကိုကံပါလာတာလား'
တချိန်တည်းမှာပဲ အဖြူရောင်ရှေ့မီးတွေက သူ့မျက်ဝန်းတွေကိုဓားတစ်လက်လိုစူးရှပြီးဝင်ရောက်လာခဲ့တယ်။
ဟီးဂျူမျက်လုံးကိုတင်းတင်းမှိတ်ထားရင်းလက်ကိုမြှောက်ထားရင်းအလင်းတန်းကိုကာလိုက်မိတယ်။တစ်ခုခုကသူ့ဆီကိုတိုက်ရိုက်လာနေတာပဲ။
"အ...အ"
ဟီးဂျူခြေနင်းကိုအသည်းအသန်နင်းပေမဲ့လည်း ကားကတော့ရွေ့မလာဘူး။အတိအကျပြောရရင် အမှိုက်ကားအကြီးကြီးကချော်ထွက်နေတဲ့လမ်းအတိုင်းသူမဆီကိုဦးတည်ပြီးအရှိန်နဲ့လာနေတာလေ။
"မ..မလာနဲ့"
အလန့်တကြားဖြစ်မှုကရုတ်တရက်ကြီးဟီးဂျူရဲ့အသံကိုထွက်ပေါ်လာစေခဲ့တယ်။ သူ့ရဲ့ကိုယ်ပိုင်အသံကဒီရပ်ဝန်းကျဥ်းကျဥ်းလေးမှာပဲ့တင်ထပ်သွားတာက ထူးထူးဆန်းဆန်း မရင်းနှီးသလိုခံစားရတယ်။
