အပိုင်း နှစ်

5.8K 186 5
                                    

Unicode

လက်ထပ်စာချုပ်

ရှက်စရာကောင်းပြီး သူ့အတွက်အကျိုးအမြတ်တစ်စက်ကလေးတောင်မရှိတဲ့ လက်ထပ်စာချုပ်ကို ဟီးဂျူ မဖြစ်မနေ လက်မှတ်ထိုးခဲ့လိုက်ရတယ်

မင်္ဂလာဝတ်စုံလည်းမရှိ မင်္ဂလာပန်းစည်းလည်းမရှိ ရှေ့နေတစ်ယောက်နဲ့စာရွက်စာတမ်းတွေပဲ

စာချုပ်ကတော့အချက်နှစ်ချက်တည်း

1.သတို့သမီးဘက်ကအရင်ကွာရှင်းမယ်လို့ပြောလို့မရဘူး။
2.သမ္မတရွေးကောက်ပွဲလုပ်မဲ့အချိန်ဆိုကွာရှင်းဖို့ကိုအထူးတားမြစ်ထားတယ်

ဒီစည်းမျဥ်းနှစ်ခုထဲကတစ်ခုခုကိုချိုးဖောက်မိတယ်ဆိုရင် ပြစ်ဒဏ်အနေနဲ့ဝမ်2ဘီလျံကိုလျော်ကြေးပေးရမယ်တဲ့။

ဘဲ့ဆာအွန်းပြောသလိုပဲ ဟီးဂျူကသူ့အတွက်ဓားစာခံပါ

သူ့အစ်မချန်ထားခဲ့တဲ့နေရာလွတ်ကိုဖြည့်တင်းဖို့အတွက် သူ့ကိုအသုံးချခဲ့တာ။ အစ်မရဲ့အစားထိုးဆိုတော့လည်း သူတို့နှစ်ယောက်ဆက်ဆံခံရပုံကဘယ်လိုများအတူတူဖြစ်နိုင်ပါ့မလဲ။

"သမီးကတစ်ခုပဲလုပ်ရမှာ တို့သမ္မတလောင်းဘဲ့အနောက်လိုက်ပြီး သမီးတော်တာကိုလုပ်ရုံပဲ"

"....."

"ကျွန်မတို့ရဲ့ချွေးမက လက်ဟန်ပြစကားဘာသာပြန်သူဆိုတာကိုတရားဝင်ကြေညာလိုက်တော့မလို့လေ"

ဟီးဂျူရဲ့လက်ချောင်းထိပ်ဖျားလေးတွေကဆတ်ခနဲတွန့်သွားရတယ်။

"အဲ့လိုလုပ်လိုက်ရင် ကျွန်မတို့မိသားစုရဲ့ပုံရိပ်ကလည်းထင်းထွက်နေမှာပဲ။ ပြီးတော့ လူတွေအမြင်နဲ့ လျှော့ချဖို့ခက်တဲ့ကွာဟချက်ကလည်းလျော့သွားလိမ့်မယ်။ လူထုအမြင်ကလည်းပြောစရာမလိုအောင် ပိုကောင်းသွားမှာပဲ။"

ရေနစ်နေသူတစ်ယောက်လိုအသက်ရှုကျပ်လာပေမဲ့လည်း ဟီးဂျူသူ့ရဲ့ဒေါသကိုအပြင်မထွက်လာအောင်တတ်နိုင်သမျှချိုးနှိမ်ထားခဲ့တယ်။ဒါပေမဲ့လည်း အဲ့လိုဆက်လုပ်ထားဖို့ဘယ်လိုအင်အားမှမကျန်တော့သလိုပဲ။

"ပြီးတော့ နောက်ထပ်ဘာရှိသေးလဲ။ စကားလည်းမပြောနိုင်ဘူး။ ငယ်ငယ်တုန်းကကလပ်ရဲ့နောက်ခန်းမှာနေခဲ့ရတာဆို"

ဖုန်းမြည်သောအခါWhere stories live. Discover now