Unicode
မိသားစု
ဖြစ်သွားတာကတော့ရုပ်သံထုတ်လွှင့်မှုမတော်တဆကံခေတာပါပဲ။
{ဒါကတော့ ရှိပြီးသားစံချိန်ကိုချိုးလိုက်နိုင်တဲ့ တဟုန်ထိုးစီးဆင်းလာတဲ့ရေပါ သမိုင်းမှာအချိန်အကြာဆုံးဆက်တိုက်မိုးရွာသွန်းမှုအပြီးမှာတော့ အနီးအနားမှာရှိတဲ့တောင်ကပြိုကျလာတာမလို့ ရွာသားငါးရာကို ဘေးကင်းတဲ့နေရာဖြစ်တဲ့ယာယီခိုလှုံရာကိုရွှေ့ပြောင်းစေခဲ့ပါတယ်}
ရာသီဥတုသတင်းအတွင်းမှာ ပြဿနာသေးသေးလေးတစ်ခုဖြစ်သွားခဲ့ပါတယ်။ မမှားသင့်တဲ့အမှားသေးသေးလေးပဲလားဆိုတာကတော့ ကိုယ့်အမြင်ပေါ်ပဲမူတည်တာပေါ့။
တကယ့်ပြဿနာအစကတော့ ခန့်မှန်းခြေပြောရရင် ရုပ်မြင်သံကြားစက်ဖန်သားပြင်ရဲ့ ဆယ့်ခြောက်ပုံတစ်ပုံစာလေးပဲနေရာယူထားတဲ့ ဘဲဥပုံအဝန်းအဝိုင်းလေးပါပဲ။
လက်ဟန်ပြဘာသာပြန်သူဟီးဂျူကအဲ့နေရာကိုပိုင်ဆိုင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ သူမရဲ့လက်ခလယ်ကိုထောင်ပြနေတဲ့ပုံရိပ်က အဲ့နေရာမှာပဲရပ်နေခဲ့တယ်။
'ချီး...'
ဟီးဂျူတစ်ယောက် ကျီးလန့်စာစားဖြစ်သွားရပြီး အခုဘာတွေဖြစ်နေလဲဆိုတာကိုတောင်သေချာမတွေးတောနိုင်ဘူးဖြစ်နေတယ်။
စတူဒီယိုရဲ့အပြင်ဘက်ကနေ ဒါရိုက်တာကမတ်တပ်ရပ်ပြီးအော်ဟစ်နေတဲ့အသံတွေကိုခပ်ထူထူဖန်သားပြင်ကကာထားတာတောင်ခပ်တိုးတိုးကြားနေရတုန်းပဲ။
'အရင်တုန်းကဒါမျိုးတစ်ခါမှမဖြစ်ဖူးဘူး'
ရုတ်တရက်အသိစိတ်က ဟီးဂျူကိုရိုက်ခတ်လာပြီး သူတတ်နိုင်သမျှသူ့ကိုယ်သူဖိအားပေးပြီးရှေ့ဆက်ဖို့ကြိုးစူးလိုက်တယ်။ ထောက်ပြပေးတဲ့လူကိုကြည့်နေပေမဲ့လည်း သူ့မျက်နှာကတစ်ချက်ကလေးတောင်ပျက်သွားတာမျိုးမဖြစ်ခဲ့ဘူး။
ဒါပေမဲ့လည်း တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်...ကျော်သွားခဲ့ပေမဲ့ လက်ခလယ်ထောင်ထားတဲ့ သူ့ပုံရိပ်ကအခုချိန်ထိရှိနေတုန်းပဲ။
'ငါတော့သွားပြီ'
သူ့လက်ကိုတောက်လျှောက်လှုပ်နေရင်း မျက်လုံးကလည်းတောက်လျှောက်အလုပ်လုပ်နေရတယ်။
