Greeting

23K 582 27
                                    

အားလုံးပဲ မင်္ဂလာပါ မတွေ့ရတာကြာပြီဖြစ်တဲ့ယူရီအိုခုခိုပဲဖြစ်ပါတယ် တကယ်ကြီးမတွေ့ရတာကြာခဲ့ပြီပဲနော် အားလုံးအဆင်ပြေပြေရှိကြမယ်လို့လည်းမျှော်လင့်မိပါတယ် ဒါမျိုးကိုမပြောပြလည်းရတယ်ဆိုတာသိပေမဲ့ ဒီအတိုင်းပြောပြချင်လို့ပါ ယူရီအိုဒီဘက်လောကကနေပျောက်သွားတာက ဘာသာမပြန်ဖြစ်တာအတော်ကြာတာရယ် အရင်ကလိုအားအင်တွေမရှိတော့သလိုခံစားရတာရယ်နဲ့ ကိုယ့်ဘက်က100%မပေးနိုင်တာရော  ဖြစ်ပါတယ် အခုတော့ ယူရီအိုဒီဘာသာပြန်ကိုလုပ်ရတဲ့ဆုံးဖြတ်ချက်က Yoo Yeon Seok/Baek Sa Eonကြောင့်ပါ အကြောင်းအရင်းကတစ်ခုတည်းပါပဲ ဒီSeriesကိုကြည့်လိုက်ရချိန်မှာ ဘာဆက်ဖြစ်ချင်မလဲဆိုတာကိုလည်းသိချင်ခဲ့ပြီး ရှာကြည့်လိုက်ချိန်မှာ Webtoonရော Novelရောရှိတယ်ဆိုတာကိုသိလိုက်ရလို့ ချက်ချင်းဘာသာပြန်ဖို့စီစဥ်ခဲ့ပြီး ညကြီးမင်းကြီးထပြန်ခဲ့တာပါ အခုဒီစာကိုရေးနေချိန်မှာ မနက်နှစ်နာရီရှိနေပါပြီ နိဒါန်းကလည်းအကုန်ဘာသာပြန်ပြီးခါမှမSaveလိုက်မိတာနဲ့အကုန်ပျက်သွားလို့နောက်တစ်ခေါက်ပြန်Typeထားတာပါ အဲ့လောက်ထိကို ဒီဝတ္ထုကိုသဘောကျရပါတယ် အခုတခေါက်မှာလည်း English-Myanmarဘာသာပြန်ဖြစ်တာကတစ်ကြောင်း ဘာသာမပြန်ဖြစ်တာအတော်ကြာပြီးကာမှပြန်စတာဖြစ်တဲ့အတွက် လိုအပ်တာမှားယွင်းတာကယူရီအိုတစ်​ယောက်တည်းရဲ့အမှားပါလို့ အရေးအသားထောက်နေတယ်ဆိုရင်လည်းစပါယ်ရှယ်ဝေဖန်ပေးကြပါ ကိုယ်ကအခုမှပြန်စရတဲ့အတွက်ကြောင့်အကုန်လုံးကဝိုင်းဝန်းကူညီပေးရင် ပိုပြီးကျေးဇူးတင်မိမှာပါလို့ နာမည်ကိုတော့ဖုန်းမြည်သောအခါလို့ပေးထားပါတယ် Copyrightမိရင်ဖျက်ချခံရနိုင်တာမလို့ပါ အခုလတ်တလောမှာအလုပ်နှစ်ခုလုပ်နေရလို့မအားပေမဲ့ ဒါကိုအတတ်နိုင်ဆုံးအမြန်ဆုံးဘာသာပြန်ပြီး Daily updateရှိအောင်လုပ်ပြီး English translatorကိုအမှီလိုက်ပါမယ် ယူရီအိုရဲ့Comebackလည်းဖြစ်တဲ့အပြင် ပထမဆုံးသော Normal translationမို့ချစ်တဲ့မျက်စိနဲ့ကြည့်ပေးရင်တကယ်ကျေးဇူးတင်မိမှာပါ ကဲစကားတွေလည်းများနေပြီမို့ဒီမှာပဲရပ်လိုက်ပါတော့မယ်

Enjoy when the phone rings...

ဖုန်းမြည်သောအခါWhere stories live. Discover now