ဟုန်းဟီဂျူဟာ ပြင်းထန်တဲ့စိတ်ကျရောဂါကြောင့်စကားမပြောနိုင်တော့တဲ့ လက်ဟန်ပြဘာသာပြန်သူဖြစ်ပါတယ်။
သူတို့ရဲ့စီစဥ်ထားတဲ့အိမ်ထောင်သက်တမ်းသုံးနှစ်ကျော်လာတဲ့အထိသူမနဲ့သူမခင်ပွန်းက တစ်ခါမှတောင်စကားမပြောခဲ့ဖူးပါဘူး။ တစ်ရက်မှာတော့ သူမဓားစာခံအနေနဲ့အဖမ်းခံလိုက်ရချိန်မှာ သူမရဲ့ဘဝဟာမချိမဆံ့ခံစားရတဲ့အလှည့်အပြောင်းတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။
"ဖုန်းမချလိုက်နဲ့နော် ဒါအသံနဲ့လိမ်နေတဲ့ဖုန်းမဟုတ်ဘူး။"
ဒါပေမဲ့လည်း သူစိမ်းတွေထက်တောင်ပိုဆိုးတဲ့သူမရဲ့ခင်ပွန်းကအေးတိအေးစက်နဲ့ဖုန်းချလိုက်ပါတယ်။
"အလောင်းထွက်လာရင်ဖုန်းဆက်လိုက်"
ဒီခွေးမသားကတော့ ဒီကောင်ကလူယုတ်မာပဲ
ဒေါသတွေနဲ့ဖုံးလွှမ်းနေခဲ့တဲ့ဟီးဂျူဟာသူမရဲ့ခင်ပွန်းကိုအမည်မသိလူတစ်ယောက်အနေနဲ့ခြိမ်းခြောက်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။
ပြဿနာကတော့ သူကလူသိများတဲ့အိမ်ပြာတော်ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်နေတာပဲ။
"ခြိမ်းခြောက်တာကိုအချိန်မှန်လုပ်လို့မရဘူးလား"
"ဒီ..."
"ဒီမှာငါကငါ့ငွေညှစ်တဲ့လူဖုန်းခေါ်တာကိုစောင့်နေရတာလေ"
"ဘာပြောတာ"
"ငါ့အပြင်တခြားတစ်ယောက်နဲ့များကစားနေသေးလား"
"..."
နေဦး ဒါငါသိထားတဲ့ဆိုက်ကိုပါ့သ်ငါ့ယောကျာ်းရောဟုတ်ရဲ့လား
