အခန်း (၂၀)

10.1K 166 7
                                        

မာန် ဒီနေ့က အရေးကြီးတဲ့နေ့ဖြစ်တာကြောင့် ကုမ္ပဏီကို မသွားပေနေလိုက်သည်။ မနက်က မှတ်မှတ်ရရ ထုတ်ထားတဲ့ လှပတဲ့ ဖန်ဖိနပ်လေးကို ကြည့်ကာ သူအလွန် လွမ်းဆွတ် တမ်းတခဲ့တဲ့ အသံ သေးသေးလေး က သူ့ရဲ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။

"ပါးပါး မီး ဆင်ဒလဲလား ဖိနပ်လိုချင်လို့"

သမီးလေးက အခုထက်ထိ စင်ဒရဲလားကို ပီသအောင်မထွက် နိုင်သေးလို့ မပီကလာ ပီကလာလေးကို မာန် စွေ့ခနဲ ကောက်ချီကာ ပါး‌နီနီလေးကို ကြူခနဲ မွှေးရှုံ့လိုက်သည်။

"ခစ်ခစ်"

"မီးလေးက ပါးပါးကိုရော မလိုချင်ဘူးလား"

"ဟင့်အင်း မီးက မင်းသားလေးပဲ လိုချင်တာ"

သမီးလေးရဲ့ စကားကြောင့် မာန် စိတ်မကောင်းဖြစ်တဲ့ မျက်နှာမျိုးလေးကို လုပ်ပြလိုက်သည်။
ဒါကို သမီးလေးက သူ့လက် ဖြူဖြူဖွေးဖွေး လေးတွေနဲ့ မာန့်ပါးကိုကိုင်ကာ

"ပါးပါးကို မီးမီးက အချစ်ဆုံးနော်"

သမီးလေးရဲ့ ချစ်စရာ စကားလေးကြောင့် မာန့်ရဲ့ ရယ်သံတွေဟာ တစ်အိမ်လုံးကို ပျံ့လွင့်သွားတော့တယ်

မာန် အတိတ်ကို ပြန်တွေးရင်း ရင်ဘတ်ထဲက နာကျင်မှုကို လျစ်လျူရှုလိုက်တာ။ ဪ ‌ဘယ်လောက်တောင် ကြည်နူးစရာကောင်းခဲ့တဲ့ အချိန်တွေလဲ။ သူ့ဘဝမှာ အရာရာပိုင်ဆိုင်ထားပြီထင်ခဲ့တာ။ သူချစ်တဲ့သူမ သူမတဲ့ရတဲ့ သူ့ရဲ့ အသွေးအသားလေး သူ ...သူ... ‌တကယ် ပျော်ခဲ့တာပါ၊ တကယ်လည်းမြတ်နိုးတန်ဖိုးထားခဲ့တာပါ ဒါကို ဘာကြောင့် ဘာကြောင့် ရက်စက်ရတာလဲ။

ဒီဖန်ဖိနပ်လေးက သမီးလေးမဆုံးခင် တစ်ရက်အလိုလောက်က တောင်းခဲ့တာ။ သမီးလေးကို မပေးဖြစ်ခဲ့ပေမယ့် နှစ်တိုင်း သမီးလေးဆီကို ဒီဖိနပ်လေးကိုင်ကာ သူ့အနေနဲ့ သွားနေကျ ...

မာန် ဖိနပ်ကလေးကို ဘူးလှလှလေးထဲ သေချာထည့်ကာ သန့်စင်ခန်းဝင်ခဲ့လိုက်သည်။ ခဏပဲ ကြာမှဆိုတော့ ဖိနပ်ကလေးကို အဖုံးမပိတ်ဘဲ night stand ပေါ် ခဏတင်ထားခဲ့လိုက်သည်။

🌻🌻🌻
( အောက်က ပြောသမျှ စာသားတိုင်းသည် လွန်းလေး ၏ စိတ်ထဲမှ တွေးနေမှုများဖြစ်ပါသည်။ ‌နှစ်နှစ် ရှိတော့မည် ဖြစ်သဖြင့် စကားကို ကောင်းမွန်စွာ မပြောတတ်သေးပေမဲ့ စိတ်ထဲမှ သိနေသော အရွယ်ဖြစ်သည်)

ဥပက္ခာတံတိုင်းWhere stories live. Discover now