အီသန် ကဲလ်ဗင်ကို ကျောင်းသွားပို့ချိန် ထယ်ယောင်းဟာ နေ့လယ်စာ အတွက် ချက်ပြုတ်နေသည် အရင်စံအိမ်ကြီးမှာသူတို့မနေတော့ပါ
ထိုစံအိမ်ရဲ့ မနီးမဝေးနေရာမှာနေပါသည် တိုက်ကလေးဟာ အရင်စံအိမ်ကြီးလောက် မခမ်းနားပေမဲ့ နေချင်စရာလေပင် ဒီအိမ်ကလေးကိုမြတ်နိုးသည် ဘာလို့ဆို မောင့်ရဲ့ချွေးနည်းစာနဲ့ ရှာထားတဲ့ ပိုက်ဆံတွေနဲ့ ဆောက်ထားလို့ပင် ကဲလ်ဗင်လေးက ခုဆို ၄နှစ်အရွယ်ရှိနေပြီ ဒီအိမ်ကို ကဲလ်ဗင်၂နှစ်အရွယ်ကတည်းကဆောက်ထားတာပင်အိမ်ရှေ့တွင်ကားသံကြားရ၏ မောင့်ပဲဖြစ်ရမည်။
"ထယ့်!"
"မောင် ငါမီးဖိုချောင်ထဲမှာ"
"မောင့်အိမ်သူလေးရဲ့ လက်ယာက ဘယ်လက်ယာနဲ့မှနှိုင်းလို့မရဘူး"
"အပိုပြောပြန်ပြီ"
"အတည်ပြောတာ မနက်ကော နေ့လယ်ကော ညကော ညစာဆိုပိုတောင်ကောင်း"
"ရားးးးးးးဂျွန်အီသန်"
"အ့ ထယ့်! မောင်ကချစ်လို့စတာကို မရိုက်နဲ့လေ"
"မင်းအဲ့လိုအစအနောက်သန်နေလို့ ကဲလ်ဗင်က ငါ့ကို ဂျွန်ထယ်ယောင်း ဂျွန်ထယ်ယောင်းနဲ့"
"သားက ငယ်သေးလို့ပါကွာ အပြစ်မမြင်ပါနဲ့"
"အဲ့ဒါခနထား မောင်မနက်စာ မစားရသေးဘူးမို့လား"
"ဟို..မောင်"
"သိပါတယ် မောင့်ဗိုက်ထဲကအသံတွေကြားတယ် မောင်မနက်စာ အပြင်မစားခဲ့ဘူးမို့လား"
"ဟုတ်တယ် သားကိုကျောင်းပို့ပြီး ထယ့်ကိုလွမ်းလို့ မစားတော့ပဲ ပြန်လာခဲ့တာ"
"ကိုကိုပိုရယ် ထမင်းစားခန်းထဲကသွားစောင့်နေ"
"ဟုတ်ပါပီဗျာ"
အီသန်ထမင်းစားခန်းထဲတွင် ၀င်စောင့်နေလိုက်သည် ထမင်းစားခန်းက ဧည့်ခန်းမနီးမဝေးမို့ ဧည့်ခန်းမှာ ချိတ်ထားတဲ့ အီသန်တို့ မိသားစုသုံးယောက်ရဲ့ ဓာတ်ပုံလေးဟာ အထင်သား အရင်တုန်းက ခပ်ဆိုးဆိုးနဲ့လူမိုက်ဖြစ်နေတဲ့ အီသန်ဟာ ထယ်ယောင်းလက်ထဲမှာတင်ပျော်၀င်ခဲ့သည်