ကားဂိုထောင်အပျက်ကြီးထဲတွင် ထယ်ယောင်းဟာ မေ့မျောနေသည်။
"ထယ့်!"
"မြန်သားပဲ ဂျွန်အီသန်ရှီးးးး"
"မိန်းမယုတ်!"
"ကဲ!ပေးတော့"
"ရော့ မင်းကြိုက်သလိုက် ပိုက်ဆံထုတ်လိုက်"
"အဟွန်း...အဲ့ကြောင့်ကိုကို့ကို သဘောကျရတာ သိပ်အလိုက်သိတာပဲ"
"မင်းစောက်ဇယားတွေပြီးပြီးမလား!"
"ဒါပေါ့ ကိုကို့ရဲ့ ယောင်္ကျားလေးကို ခေါ်သွားလို့ရပြီ"
အီသန်ဟာ ထယ်ယောင်းကိုပွေ့ချီကာ ထိုဂိုဒေါင်အပျက်ကြီးထဲကနေ လျှင်မြန်စွာ ထွက်လာခဲ့သည်။
------------------
4 year later
"ဂျွန်ကဲလ်ဗင်"
"ဂျာ ပါးပါး"
"မင်းကို ငါရေချိုးမယ်လို့ပြောနေတယ်လေ"
"ကဲလ်ဗင် ရေမရှိုးဂျင်ဘူး"
"သွား! ရေမချိုးချင်ရင်ငါ့နားမလာခဲ့ ငါက လူညစ်ပတ်တွေကို မမွေးဘူး"
"ပါးပါးကလည်းဂျာ ဒီတားယေး တစ်ရောက်ရှိတာခို"
"ဖယ်!ဖယ် မင်းနားကနံစော်နေတာပဲ ကဲလ်ဗင်"
"ယိုက်ပို့ ရေရှိုးခန်းထဲ"
"လာ!"
ထယ်ယောင်း ကဲလ်ဗင်ကို ချီကာ ရေချိုးဇလုံထဲတွင်ထည့်ပေးလိုက်
"ရား...ကဲလ်ဗင် မင်းဘောပင်တွေကိုင်ပြန်ပြီလား"
"ကဲလ်ဗင်က တက်တူးထိုးချင်ယို့ပါစို ပါးပါးကလည်း"
ဖအေ ခြေရာ လိုက်နင်းတဲ့ငနွားလေး သားဖနှစ်ယောက်ပေါင်းရင် ဒီထက်ဆိုးအုံးမှာ ခုလည်းကြည့် တက်တူးထိုးချင်လို့တဲ့ နောက်ပြီးသူ့ဒယ်ဒီ ဆိုင်ကယ်ကို မမှီတဲ့အရပ်နဲ့ တက်ခွချင်သေးတာ သူက
"မင်းကို မင်းဟုတ်လှပြီထင်နေတာလား ဂျွန်ကဲလ်ဗင်"
"ဂျွန်ထယ်ယောင်းရှ်ီးအရမ်းချကား ညားတာပဲ ရေရှိုးမှာကို ညန်ညန်ရှိုးပေးရှန်းပါ"
*ခွက်*
"ဘာဂျွန်ထယ်ယောင်းရှီးလည်း နားပန်းကိုပစ်တီးပလိုက်မယ်နော်"