Chapter 45

329 47 1
                                    

👾Chapter 45
[ခင်များ ကျွန်တော့်လက်ကို ကိုင်ထားချင်လား ]

ဟယ့်ယွင်ထင်သည် ၀မ်ထျန်းယောင်အား ဤမျှရှည်လျားသောစကားများကို မကြာခဏ မပြောတတ်သော်လည်း၊ သူ့လေသံမှာ ယခင်ကထက် များစွာ ပြောင်းလဲခြင်းမရှိသော်လည်း ဝမ်ထျန်းယော်ကမူ သူ၏မျက်လုံးများကို မသိစိတ်ဖြင့် ရှောင်ရှားသွားခဲ့သည်။

" ဒါမှမဟုတ် အရှင့်သားက အရှင့်သားရဲ့ အခွင့်အာဏာကို ကျော်လွန်ချင်နေတာလား "

၀မ်ထျန်းယောင်၏ လေသံက  ချက်ချင်း ပြောင်းလဲသွားလေသည်။
" ဗိုလ်ချုပ် ဘာကိုဆိုလိုတာပါလဲ "

သို့သော် ဟယ့်ယွင်ထင်သည် သူ့ကို ဂရုမစိုက်တော့ချေ။ သူသည်သာလျှင် တော်၀င်မင်းသားကို ထိုကဲ့သို့သော အကြည့်မျိုး ပြသဝံ့သူ ဖြစ်နိုင်သည်။

" ဆက်သွယ်ရေးကို ပြောလိုက်။ အုပ်စု B က ပိုင်းလော့အားလုံး လေ့ကျင့်မှုအားလုံး ချက်ချင်းရပ်တန့်ပြီး နံပါတ်စဉ်တွေနဲ့ စစ်သင်္ဘောဆီ ပြန်လာ။ သူတို့ရဲ့နံပါတ်စဉ်တွေကို ရေတွက်ပြီး ဘေးကင်းရာကို ပြောင်းရွေ့ပေး။ သူတို့ အခု ဘယ်နေရာပဲ ရောက်နေနေ ပြန်ခေါ်။ ပိုင်းလော့တွေကို သူတို့ရဲ့ မက်ခါဆီကနေ မထွက်ခွာခိုင်းနဲ့ "

နယ်စပ်ဒေသ၏ရာသီဥတုသည် အင်ပါယာလက်အောက်ရှိ ဂလက်ဆီများအနက် အဆိုးရွားဆုံးဟု ယူဆရပြီး နေ့နှင့်ည အပူချိန်ကွာခြားမှု၊ ‌အဆိပ်ပြင်းသောခရမ်းလွန်ရောင်ခြည်များနှင့် ပါးလွှာသောလေထုများ ပါဝင်သည်။

ရှည်လျားသောဆင့်ကဲဖြစ်စဉ်တွင် လူသားများသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာ ကမ္ဘာမြေပေါ် နေထိုင်ခဲ့စဉ်ကကဲ့သို့ မနူးညံ့ကြတော့သော်လည်း အကာအကွယ်အဝတ်အစားများ မဝတ်ဆင်ထားဘဲနှင့် လေထုအား ထိတွေ့ခြင်းကို မည်သူမျှ မလိုလားကြပေ။

ထို့အပြင် ကြယ်ပင်လယ်ဓားပြများ ပိုမိုသိသာထင်ရှားလာရသည့် အကြောင်းရင်းမှာ ၎င်းတို့၏ လက်နက်တပ်ဆင်မှုသည် သတ်မှတ်ချက်နှင့် မညီသည့်အပြင် လူများ၏မျက်နှာသည် မည်းသည်းလာကြပြီး ကြမ်းတမ်းသော ရာသီဥတုဒဏ်ကို အမြဲခံစားနေရသောကြောင့်ဖြစ်ကြသည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now