Chapter 44

332 51 1
                                    

👾Chapter 44
[ မင်း စိတ်တွေကို ဘယ်လိုဖတ်ရမလဲ သိတာလား ]

လွန်ခဲ့သည့်ရက်အနည်းငယ်က လင်းဟန်သည် ဤနေရာတွင် ဒူးများကိုဖက်လျက်ထိုင်ရင်း သူ့လက်ကို ဆန့်ထုတ်ကာ ဟယ့်ယွင်ထင်အား  အနည်းငယ် ဆွဲထူခိုင်းခဲ့သည်။သို့သော် လွန်ခဲ့သောရက်တစ်ဝက်ခန့်တွင် သူတို့နှစ်ဦးကြားရှိ လေထုမှာ တစ်ဖန် ကသိကအောက်ဖြစ်ခဲ့ပြီး မည်သူကမှ ယာယီ စကားမပြောခဲ့ကြချေ။

"...ခင်များ အနားမယူသေးဘူးလား "

နောက်ဆုံးတွင် နှုတ်ကို ဦးစွာ ဖွင့်ဟသူမှာ လင်းဟန်ဖြစ်လေသည်။

" ဗိုလ်ချုပ်၊ အိပ်ပျော်မယ့်ပုံ မပေါ်ဘူး "

ဟယ့်ယွင်ထင်၏နှုတ်ခမ်းများက အလွန်ညင်သာစွာလှုပ်ရှားသွားပြီး ခေါင်းခါသည်။

" ဘာလို့ မစ္စတာလင်းက ဒီမှာရှိနေတာလဲ "

ကြယ်များကို ယခုအခါ ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။

လင်းဟန်က ခဏလောက် တွေးလိုက်ပြီးနောက်  " ဒီမှာ တိတ်ဆိတ်လို့ "

လျှို့ဝှက်စခန်းတစ်ခုကဲ့သို့။

ဟယ့်ယွင်ထင်က မတုံ့ပြန်ချေ။ လင်းဟန်သည် သူ၏အမူအရာကိုကြည့်နေပြီး နောက်ဆုံးတွင် အနုစိတ်သောမျက်နှာမှ စိတ်ပျက်မှုအချို့အား ဖမ်းဆုပ်မိလိုက်သည်။

" ...တိုးတက်မှုမရှိဘူးလား " သူက မဝံ့မရဲမေးလိုက်သည်။

ဟယ့်ယွင်ထင်က ပြောသည်။ " ဒီလိုပါပဲ "

လင်းဟန်သည် ယခင်ကဲ့သို့ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်ထိုင်နေဆဲဖြစ်ပြီး ဟယ့်ယွင်ထင်ကို မော့ကြည့်ကာ " ကျွန်တော့်ကို ကူညီခွင့်ပေးဖို့ ဗိုလ်ချုပ် ထည့်သွင်းစဉ်းစားကြည့်လို့ ရနိုင်ပါတယ်..."

၀မ်ထျန်းယောင်မှလွဲ၍ မည်သူက သံသယအရှိဆုံးဖြစ်သည်ကို သူ မသိသောကြောင့် သူ့အသံက တိုးသထက် တိုးညှင်းသွားတော့သည်။

ချီကျားမူလား သို့မဟုတ် တခြားတစ်ယောက်လား။

လင်းဟန်က စဉ်းစားနေသော်လည်း ဟယ့်ယွင်ထင်က သူ့ဆီသို့ ခြေလှမ်းနှစ်လှမ်း လှမ်းကာ အရှေ့၌ ရပ်လိုက်သည်ကို တွေ့လိုက်ရသည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now