Chapter 43

324 49 2
                                    

👾Chapter 43
[ အရာရာတိုင်း၌ အောင်ပွဲရသောကြောင့်၊ တိုက်ပွဲတိုင်း၌ အနိုင်ယူနိုင်သောကြောင့် ]

အခန်းထဲတွင် လူနှစ်ယောက်သာ ကျန်လေသည်။

ဟယ့်ယွင်ထင်သည် သူ့တွင် ခံစားချက်မရှိသကဲ့သို့ ရပ်နေကာ အစမှအဆုံးအထိ သူ၏မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ ပုံမှန်အတိုင်း အေးစက်နေ၏။

အချိန်အတော်ကြာပြီးနောက် ဟယ့်ယွင်ထင်က ပြောလာသည်။ " မစ္စတာလင်း အဆင်ပြေပါသလား "

သူ့လေသံက ကွဲပြားခြင်းမရှိဘဲ ယနေ့ အဖြစ်အပျက်များက သူ့အပေါ် သက်ရောက်မှုမရှိသကဲ့သို့ပင်။

လင်းဟန်က " ဟမ် "ဟု ပြောပြီး သူ အဆင်ပြေသည်ဟု  ပြောလိုက်သည်။ သို့သော်  သူ့စိတ်ထဲမှာ အချိန်အတော်ကြာအောင် စွဲကျန်နေသည့် ဘ၀င်မကျမှုတစ်ခု အမြဲရှိနေသည်။

ဟယ့်ယွင်ထင်သည် တည်ငြိမ်လွန်းနေပြီး အရာအားလုံးဖြစ်ပျက်သွားသည့် အချိန်မှစ၍ သူသည် တုံ့ပြန်မှု အလျင်မြန်ဆုံးဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် တုံ့ပြန်မှုဖြစ်စေ သို့မဟုတ် အမိန့်ပေးခြင်းနှင့် တာဝန်ပေးခြင်းတို့တောင် အမြန်ဆုံးဖြစ်သည်။ ခံစားချက်မဲ့သည့်စက်တစ်ခုကဲ့သို့....တည်ငြိမ်နေသည်။

ထိုလူသည် ယခု အေးစက်စက်ဖြစ်ကာ လင်းဟန် သူနှင့် ပထမဆုံးစတွေ့စဥ် အချိန်ကနှင့် အတူတူဖြစ်သည်။ သို့သော် လင်းဟန်သည် ယခုအချိန်တွင်  ၎င်းထက် များပြားသည်ဟု ခံစားနေရသည်။

" ဗိုလ်ချုပ် " လင်းဟန်က တစ်ဖက်လူကို ခေါ်လိုက်သည်။

ဟယ့်ယွင်ထင် သူ့ကိုကြည့်ရန် မျက်ခုံးများကို နှိမ့်ချလိုက်ပြီး သူ၏မျက်၀န်းပြာများသည် ပင်ပန်းနေပုံပေါ်သော်လည်း အေးအေးဆေးဆေး အနားယူရန် နေရာတစ်ခု ရှာမတွေ့နိုင်ပေ။ လင်းဟန်သည် အခင်းဖြစ်ပွားသည့်နောက် တစ်နေ့ခင်းလုံးကို ပြန်တွေးကြည့်လိုက်ပြီး ဤလက်အောက်ငယ်သား၏ သေဆုံးမှုသည် သူ့စိတ်နှလုံးကို အနည်းငယ်မျှ ပင် အပြောင်းအလဲ မဖြစ်စေခဲ့သကဲ့သို့ ဟယ့်ယွင်ထင်သည် ဂရုမစိုက်ဟန်ဖြင့် အကြင်နာအမဲ့ဆုံးဖြစ်ခဲ့သည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now