Chapter 42

463 69 1
                                    

👾Chapter 42
တိုးသဲ့ရှိုက်သံ

အဘယ့်ကြောင့်နည်း။

အဘယ့်ကြောင့် ဒြပ်မှုန်အမြောက် ရှိနေရသနည်း။ စစ်ဆင်ရေးအတွက် ရှင်းရှင်းလင်းလင်း အသုံးပြုသည့်မက်ခါသည် ကျည်ဆန်အစစ်များဖြင့် တိုက်ခိုက်ခြင်းအဖြစ် အဘယ့်ကြောင့် ပြောင်းလဲသွားရသနည်း။

တိတ်ဆိတ်မှုတွင် ဟယ့်ယွင်ထင်သည် ပထမဆုံးတုံ့ပြန်သူဖြစ်သည်။

ဗီဒီယိုနှင့်ချိတ်ဆက်သွားသည့်အခိုက်အတန့်မှသာလျှင် သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားပုံရပြီး မကြာမီမှာပင် သူ၏မူလအေးစက်မှုသို့ ပြန်လည်ရောက်ရှိသွားသည်။

မက်ခါ၏ အရံဆက်သွယ်ရေးအားလုံးကို ဖွင့်လိုက်ကာ လေ့ကျင့်ရေးကို ရပ်စဲကြောင်းကြေညာလိုက်သည်။ မက်ခါများအားလုံးက ၎င်းတို့၏လက်နက်များကို ချက်ချင်းသိမ်းလိုက်ကြပြီး ဇီ၀မျိုးကွဲများ၏အနီးဆုံးနယ်နိမိတ်တွင် ဆင်းသက်ကာ ၎င်းတို့အားလုံးသည် စီတန်းလျက် ရပ်နေကြသည်။

ပါးလွှာသောဆွဲငင်အားကြောင့် ဘယ်ရီသီးနီသည် တိုက်ခိုက်မှုအပြီးနောက် ချက်ချင်း ပြုတ်ကျမလာဘဲ ၎င်း၏နဖူးမှာ အပိုင်းပိုင်းကျိုးသွားခဲ့ပြီး ခေါင်းပေါ်၌ တန်းလန်းဖြစ်နေသောသတ္တုသည် လေထဲတွင် လွင့်မျောရင်း တဖြည်းဖြည်း ဆင်းသက်လာသည်။

လုအန်းဟယ်သည် ဤအချက်ကို လက်မခံနိုင်ပုံရကာ သွားများကိုကြိတ်၍ သူ့မျက်လုံးများက သွေးများဖြင့်ပြည့်နေသော်လည်း စကားတစ်ခွန်းမှ မပြောလာပေ။

ဘယ်ရီသီးနီကို တိုက်ခိုက်ခဲ့သော အုပ်စု A ၏ M21 အပါအဝင် မက်ခါများအားလုံးသည် ၎င်းတို့၏ လက်နက်အားလုံးကို ဖြည်းညင်းစွာ ဖယ်လိုက်ကြသည်။

သို့သော် အခန်းထဲရှိ အရုပ်ဆိုးဆုံး မျက်နှာထားရှိသူကမူ ၀မ်ထျန်းယောင်ပင် ဖြစ်လေသည်။

သူ့မျက်နှာမှာ မယုံနိုင်စရာများဖြင့် ပြည့်နှက်နေပြီး ထိတ်လန့်တကြားနှင့်ပင် မျက်လုံးများ ပြူးကျယ်ကာ မသိစိတ်မှ ခြေတစ်လှမ်းဆုတ်သွားသည်။

သို့သော် အခုချိန်မှာ သူ့ကို မည်သူကမှ ဂရုမစိုက်ချေ။

အခင်းဖြစ်ပွားသည့်နေရာသည် စစ်သင်္ဘောနှင့် ခပ်လှမ်းလှမ်းတွင်ရှိပြီး တာဝန်ခံကျိီမုန့်သည် အသံမထွက်နိုင်တော့ပေ။ လုအန်းဟယ် တုန်တုန်ယင်ယင်နှင့် ဟယ့်ယွင်ထင် ကို အလေးပြုလိုက်ပြီး " အခု သွားလိုက်မယ်။ ဗိုလ်ချုပ်ဆီ အစီရင်ခံတင်ပြတော့ ကျနော်က ဗိုလ်မှူးကျိီမုန့် ရဲ့ ရာထူးကို ရယူပြီး ဒီကိစ္စကို ဆက်လက် တာဝန်ယူဖို့ တင်ပြထားပါတယ် "

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now