Chapter 41

465 55 2
                                    

👾Chapter 41
လမ်းခွဲစကားမပြောရက်နိုင်ဘူး

အယ်လ်ဖာနှင့် ဘီတာ အုပ်စုနှစ်စုပါ၀င်သည့် ပထမဆုံးအကြိမ် လေ့ကျင့်မှုသည် အင်ပါယာ၏ပိုင်နက်အနီးနားရှိ နယ်စပ်ဒေသထဲတွင် ရှိနေဆဲဖြစ်‌‌သော်လည်း ဟင်းလင်းပြင်ဖြစ်၍ လုံခြုံသည်ဟု မဆိုနိုင်ချေ။

ဗိုလ်မှူးများသည်လည်း ကွင်းပြင်ဆီသို့ ကိုယ်တိုင်သွားရောက်ရန် မလိုအပ်ဘဲ ၎င်းတို့သည် ရှေ့တန်းနှင့် အနီးကပ်ဆက်သွယ်မှုကို ထိန်းသိန်းရန်သာ လိုအပ်သည်။

ကျီမုန့်က သူ့အဖွဲ့ဆီသို့ ပြန်ရောက်ချိန်တွင် သူက ဤပုံစံအတိုင်း ပြန်လှည့်ကြည့်နေဆဲဖြစ်ပြီး ရဲ့လင်က သူ့ကို လက်ဝှေ့ယမ်းပြနေသည်။

လုအန်းဟယ်သည်လည်း သူ့ကို မျက်စိမှေးကာကြည့်နေပြီး နှုတ်ခမ်းလှုပ်ရှားမှုပုံစံကို နှိုင်းယှဉ်ကြည့်သော်လည်း မည်သည့်ကုဒ်စလုံးများပြောနေသည်မှန်း မသိနိုင်ချေ။

ထိုအခိုက်တွင် လင်းဟန်သည် မက်ခါခန်းထဲတွင် သူ ကြားခဲ့သည့် သီချင်းအား ရုတ်တရက် သတိရသွားသည်။

လင်းဟန် သူ(ကျီမုန့်) သီဆိုနေသည့် လူငယ်များမှာ မည်သူ့အားရည်ညွှန်းသည်ကို မသိသော်လည်း အနည်းဆုံးတော့ ယခုအခိုက်အတန့်တွင် သူတို့အားလုံးသည် အချင်းချင်း၏လူငယ်ဘ၀၌ ပါဝင်နေကြသည်။

****
အယ်လ်ဖာနှင့်ဘီတာအုပ်စုများကို ပိုင်းခြားထားပြီး ချီကျားမူကို အယ်လ်ဖာအုပ်စုတွင် ထည့်သွင်းထားကာ သမားရိုးကျအဖြစ်ဆုံးသော QT မက်ခါကိုပေးအပ်ထားသည်။ မက်ခါများအားလုံးမှာ တူညီမှုမရှိကြသော်လည်း တရားမျှတမှုရှိစေရန်အတွက် မက်ခါ၏လုပ်ဆောင်နိုင်စွမ်းတွင် ကြီးကြီးမားမား ကွာဟမှုမရှိပေ။ ထို့အပြင် အဓိကစမ်းသပ်စစ်‌ဆေးမှုမှာ  ပိုင်းလော့(မောင်းနှင်သူ)များကိုယ်တိုင်၏ လုပ်ဆောင်မှုလယ်ဗယ်ကို ဖြစ်ပေသည်။

ကျီမုန့်သည် ၎င်း၏ " ဘယ်ရီသီးနီ " အသစ်စက်စက်ကို ပြန်လည်စတင်ခဲ့ပြီး အယ်လ်ဖာနှင့်ဘီတာအဖွဲ့များကို ခေါင်းဆောင်ပိုင်းလော့အဖြစ် အသင့်အနေအထားတွင် ဦးဆောင်လိုက်သည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now