အခန်း (၁၉)

8.4K 125 0
                                        

ကောင်ကင်မည်းကြီးက တစ်စုံတစ်ခုကိုအလိုမကျသည့်အလား သည်းသည်းထန်ထန်ရွာသွန်းနေလေသည်။

ဝေါခနဲ ဝေါခနဲ ရွာသွန်းနေတဲ့ ပြင်းထန်တဲ့မိုး‌တွေကြားမှာ ရွှဲရွှဲစိုနေတဲ့ ကောင်မလေးလေး‌တစ်ယောက်၊ ပြင်းထန်တဲ့မိုးရေတွေကြားမှာ ရုန်းကန်နေရတဲ့သူမဆံပင်တွေအဖို့ မျက်နှာပေါ်မှာ ဟိုတစ်စ ဒီတစ်စ ကပ်နေသည်မှာ အတော်ပင်ကြည့်ရဆိုးလေသည်။

ကားလမ်းမပေါ်မှာတော့ ဆိုးရွာတဲ့ရာသီဥတုကြောင့်ပဲလား မသိ၊ ရှင်းလင်းလို့နေပေသည်။
အဝေးတစ်နေရာမှ လင်းခနဲဖြစ်သွားတဲ့ အလင်းရောင်ကို မြင်လိုက်တဲ့ ကောင်မလေးကတော့ ခြေလှမ်းတွေကို ကားလမ်းမပေါ်သို့ ရွေ့လိုက်သည်။ အသက်ကင်းမဲ့နေတဲ့ မျက်ဝန်းတစ်စုံက မကြာခင် သူမကို ဖြတ်တိုက်သွားနိုင်တဲ့ မီးအလင်းရောင်ကို စူးစိုက်ကြည့်ရင်း...

အတိတ်ရဲ့ အတွေးယာဉ်ကြောက ဖြူချက်နေတဲ့ ဟင်းကနေ တူးနံ့ထွက်လာမှ အသိဝင်လာတော့သည်။ အခုဆိုရင် အကိုလေးက သူမဒီအိမ်မှာ လုပ်နိုင်တဲ့ အရာတွေကို ကန့်သတ်လိုက်တာကြောင့် သူမဘာသာသူမ သူ့အပေါ်အကြွေး တင်နေသည်ဟု မခံစားရအောင် အလုပ်တွေဝိုင်းလုပ်နေရတော့သည်။ သူမအပေါ်မှာ ထိုနေ့က စ ထပ်ပြီး အခွင့်အရေးမယူတော့ပေမယ့် သူမကို အရင်လို စတိုခန်းကျဉ်းကျဉ်းလေးထဲမှာမထားတာကြောင့် စိတ်ကျဉ်းကြပ်ရသည်။

သူမရဲ့ အပ်ချုပ်လုပ်ငန်းအပြင် အပြင်ထွက်ခွင့်ကိုပါ ကန့်သတ်လိုက်လေတော့ သူမမှာ သူမသမီးနဲ့ နေဖို့ အချိန်ပိုရသွားတယ်ဆိုပေမယ့် သူ့ဆီမှာ ကပ်စားနေရတာမျိုး မဖြစ်ရလေအောင် အိမ်သန့်ရှင်းရေး ခြံသန့်ရှင်းရေးအပြင် ချက်ပြုတ်တာကိုပါ တာဝန်ယူမိသည်။

ဖြူ တူးသွားတဲ့ အသားကြော်ကိုကြည့်ရင်း စိတ်ညစ်သွားရသည်။ သူများအိမ် ကပ်စာနေပါတယ်ဆိုမှ ...

"မေ့"

တီတီတာတာ သမီးလေးရဲ့ အသံလေးကြောင့် ဖြူ ချိုသာသော အပြုံးလေးနဲ့ပင်

"ဘာလဲမေ့သမီးရဲ့ " သူမရဲ့ဘေးနားကနေ အဝတ်စတွေနဲ့ လုပ်ထားတဲ့ အရုပ်မလေးကို ပိုက်ကာ မော့ကြည့်နေတဲ့ သမီးလေးကို အသံပြုလိုက်သည်။

ဥပက္ခာတံတိုင်းWhere stories live. Discover now