သင်္ကြန်မှာ မွေးသည့်သူ။
သင်္ကြန်ကို မြတ်နိုးသည့်သူ။
အဲ့သည့်သူသည် သျှားနေသော်မောင်အပြင်
ခွန်းခတေးမောင် နှင့် တေးမူရာသော် ဆိုသည့်
ကလေးငယ်နှစ်ဦးပါ ပေါ်ပေါက်လာခဲ့သည်။တကယ်တမ်းပြန်ပြောရရင် အတိတ်ကိုပြန်တွေးရလိမ့်မယ်။ အဲ့နေ့ကသင်္ကြန်ရက်ကြီးသိပါလျှက်နဲ့ကို မေ့လျော့ခဲ့တဲ့အဖြစ်ကို သျှားနေသော်မောင် သေသည်အထိမမေ့။ သင်္ကြန်ရက်ဆိုရင် တစ်စက္ကန့်လေးတောင် အဆုံးရှုံးမခံနိုင်သည့်သူက အဲ့ဒီနှစ်မှာတော့ အိမ်ထဲကအိမ်ပြင်မထွက်ခဲ့ပေ။ 19နှစ်ပြည့်မွေးနေ့ကိုတောင် မကျင်းပဖြစ်ခဲ့။ မွေးနေ့ တစ်ရက်သာကွာခြားသည့် သူ၏ကလေးလေးတွေကိုကြည့်ဖို့ ဘာကိုမှမမှုပဲပြေးခဲ့တာလေ။ အဲ့ဒီနေ့ကို နောက်ထက်အပျော်ဆုံးရက်အဖြစ် သတ်မှတ်ဖြစ်ခဲ့တယ်။
သျှားဆိုသည် မွေးကတည်းက ငိုရန်အတော်ခက်ခဲသည့်ကလေး။
ကောင်းခြင်းတွေနဲ့ပြည့်စုံခဲ့သည့်ကလေးဟာ ဘဝတစ်လျှောက်လုံးနီးပါး အပြုံးတွေသာဖြစ်တည်ခဲ့သည်။
ထို့ကြောင့်လည်း ကံကြမ္မာကအပြုံးချိုချိုလေးထည့်ပေးခဲ့သည်ထင်။အပြုံးလေးမြင်ရုံဖြင့် အပျော်တွေကူးဆက်တယ်ပဲဆိုဆို
မောင်ပြုံးတာမြင်ရင် နှောင်းသေလည်းပျော်ပါသည်။နောက်ပြီး နှောင်းကဆိုသည်...
သူ့ဘဝရဲ့ အလင်းတန်းလေးက
မောင်နဲ့ သမီးလေးနှစ်ယောက်တဲ့။အရှေ့မှာ မောင်ကကလေးထိန်းချိန်ဆို
နှောင်းကဟင်းချက်ချိန်ပေါ့။အလုပ်တစ်ဖက်နဲ့မောင်ဟာ သူ့ကလေးတွေကိုပဲနားချိန်ပေးငှခဲ့သည်။ အလုပ်ပိတ်ရက်ဆိုလျှင် အပြင်ကိုဘယ်အပေါက်ကထွက်ရမလဲ ချောင်းနေတတ်သည့် သျှားနေသော်မောင်ဟာ အပြင်ထွက်ပါဆိုရင်တောင် အင်တင်တင်ဖြစ်နေတတ်သည့်သူ။ မွေးကတည်းကအနားကနေတစ်စက်မှမခွာ။ သူ့ကလေးလေးတွေကြီးလာလေ ပိုဂရုစိုက်လာလေပဲ။ နှောင်းကိုဆို ပိုတောင်စိတ်ပူတတ်သေး။ ဒီကလေးကိုသာမချစ်မိရင် အကြီးကျယ်နောင်တရမိမှာအမှန်ပဲ။ သျှားနေသော်မောင် ကအိမ်ထောင်ဦးစီးဆိုသည့် စကားနှင့်အင်မတန်ထိုက်တန်၏။

YOU ARE READING
ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [complete]
Short Story~ နှလုံးသားကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~