-----
"ထယ်!"
"အွန်း"
"မောင့်ကို စိတ်မဆိုးဘူးမို့လား"
"အွန်း"
"ထယ်"
"အွန်း"
"ဘာလို့ အွန်းပဲပြောနေတာလည်း"
"ဒီတိုင်း"
"မောင့်ကို စိတ်ပြတ်သွားတာလားဟင်..."
သိမ်၀င်သွားတဲ့ မောင့်အသံကြောင့် ထယ်ယောင်း စိတ်မကောင်းဖြစ်မိသွားသည်။
"မဟုတ်..မဟုတ်ပါဘူး မောင်ရဲ့ ငါ..ငါဒီတိုင်း"
"မောင့်ကို စိတ်ပြတ်နေရင်လည်း မောင်..မောင်ထွက်သွားပေးမယ်"
"မောင့်!"
"ထယ့် အတွက်မောင်က အနှောက်အယှက်တစ်ခုလိုပဲ မောင်ကမကောင်းဘူး မင်းနဲ့မတန်ဘူး နောက်ပြီး..."
"ဟင့်အင်းမောင် ဆက်မပြောနဲ့တော့"
"ကျုပ်သွားတော့မယ် ကင်မ်ထယ်ယောင်း!!"
ပြတ်သားနေသော မောင့်စကားတွေကြောင့် ထယ်ယောင်း မျက်ရည်တွေစို့ကာ ရင်ဘတ်ထဲကအောင့်တက်လာသည် ထွက်သွားသော မောင့် ကျောပြင်ကိုကြည့်ကာ လှမ်းတားပြီး ပြေးဖက်ချင်ပေမဲ့ ဒီလိုအချိန်ကြီးမှ ထယ်ယောင်းရဲ့ အင်အားတွေပျောက်ဆုံးကုန်ပြီ
ပါးစပ်ဖြားက မောင်'ဟု တစ်ဖွဖွခေါ်သော်လည်း မောင်ဟာ သူ့ကိုပြန်မကြည့် သူတကယ်ပဲ စိတ်နာသွားတာလား မောင်က သူ့ကိုတကယ်ပဲ စိတ်နာသွားတာလား စဉ်းစားရင်း ထယ်ယောင်းရင်ဘတ်ထဲက ပိုပိုအောင့်လာသည်။ ထယ်ယောင်းအမြင်တွေဝေဝါးနေပြီ သူအိပ်စက်ချင်နေပြီ သူမနိုးချင်တော့ မောင်သာ သူ့ဘ၀မှာမရှိရင် သူလည်း ဒီကမ္ဘာပေါ်မှာ ရှိလိမ့်မည်မထင်တော့ပါ။အချိန်အတော်အတန်ကြာသည်အထိ အီသန်ဟာ ဆေးရုံအတွင်းထဲက ပန်းခြံကြီးထဲမှာ ဆေးလိပ် တစ်ဖွာဖွာကာ ရှုရှိုက်နေဆဲ ထယ်ယောင်းသူ့ကို မုန်းသွားမှာသူမလိုမလား
မောင် ထယ့်ကိုဘယ်လိုရှင်းပြရမလည်း အဲ့နေ့ကမောင်ဘာမှမသိတာပါ ထယ်ရယ် မောင့်ဆေးခတ်ခံရတယ်လို့ပြောလည်း ထယ်ကမောင့်ကို မယုံသင်္ကာအကြည့်တွေနဲ့ကြည့်နေတာ မောင်အဲ့အကြည့်တွေကို ရင်မဆိုင်နိုင်ဘူး ခါးသီးနေတဲ့ စကားတွေကို မောင်မကြားချင်ဘူး ဒီကောင်က လူကကြမ်းပေမဲ့ သိပ်ကိုအသဲနုတယ်ဆိုတာကို သိရဲ့နဲ့ ဘာလို့ ဒီလိုအကြည့်တွေကြည့်ရတာလည်း
![](https://img.wattpad.com/cover/377327792-288-k588471.jpg)