အခန်း(၁၈)

9.4K 136 2
                                        

မျက်ဝန်းတွေဝိုင်းစက်စွာနဲ့ အံ့ဩသယောင်ရှိနေတဲ့ ဖြူ့ကို မာန်အကဲခတ်နေလိုက်သည်

အဲ့နေ့က သူမကလေးမွေးတဲ့နေ့က ပူစူးဆိုတဲ့ ကလေးမသူ့ကို ‌အမှောင်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ အဏ္ဏဝါမင်းဆိုတဲ့ လူနဲ့ ခြိမ်းခြောက်ကတည်းက သူသိခဲ့ရမှာ ... လွန်ခဲ့တဲ့ တစ်‌ပတ်က ထိုလူကို သူမနဲ့အတူတွေရတော့မှ သူစုံစမ်းဖြစ်ခဲ့တာဖြစ်သည်။

သူလိုလူမျိုးက မိဘမဲ့တစ်ကောင်ကြွက် သဒ္ဒ့ဖြူလို မိန်းကလေးမျိုးနဲ့ ဘယ်လိုပက်သတ်စရာရှိမှာလဲ၊ သူစုံစမ်းရသလောက် နှစ်ယောက်စလုံးက ဆက်စပ်မှုမရှိပေ ဒါပေမယ့် ပူစူမဆိုတဲ့ ကလေးမကို အနားနေစေပြီး စောင့်ရှောက်ခိုင်းထားတဲ့ ထိုလူနဲ့ပက်သက်မှုကို သူလျစ်လျူရှုမထားနိုင်တော့ပါ

"မင်းအနေနဲ့ သူနဲ့ အတိတ်က ဘယ်လိုဆက်ဆံရေးမျိုးပဲ ဖြစ်ခဲ့ပါစေ အခုချိန်မှာ ရပ်တန်းကရပ်လိုက်တာကောင်းမယ်"

"ရှင် ဘာကိုပြောချင်နေတာလဲ"

ဒီလူ ဖြူ့ကို အိမ်ထောင်ရေးဖောက်ပြန်သူအဖြစ်သမုတ်နေတာလား

"ငါဘာပြောချင်နေတာလဲဆိုတာ မင်းသိမယ်ထင်ပါတယ် ဒါကြောင့်ပြန်မေးနေစရာမလိုပါဘူး။ ငါလိုချင်တာက နောက်တစ်ခါ အဲ့လူနဲ့မင်းနဲ့ သတင်းတွေကို ထပ်မကြားရ‌ဖို့ပဲ နောက်ပြီး ဒီအိမ်မှာ အဲ့လူရဲ့ လူယုံရှိနေတာ ငါမသိဘူးမထင်ပါနဲ့ သဒ္ဒါဖြူ "

"ဒုန်း"

‌သူပြောချင်တာတွေပြောပြီး ထွက်မသွားသော မာန့်ကိုကြည့်ပြီး ဖြူ ဒေါသတွေအလိပ်လိုက်ထွင်လာတော့သည်။ ဘာသတင်းလဲ ၊ အဲ့လူနဲ့တောင် သူမ တစ်ခါသာ ဆုံခဲ့ဖူးသည် နောက်ပြီး ထိုလူရဲ့ လူယုံဆိုတာရော ဘာပြောတာလဲ ...

မာန့်ရဲ့ တင်းကြပ်နေတဲ့စိတ်တွေက နူးညံ့တဲ့လေပြေညှင်းတွေနဲ့တွေ့တာတောင်ပြေလျော့မသွားခဲ့ပါ...

ဝရံတာကနေမြင်နေရတဲ့ ရှုခင်းကနေတစ်ဆင့် မှောင်ရီပျိုးစ အလှအပက သူ့ရဲ့ ပူလောင်မှုတွေကို မအေးချမ်းစေနိုင်ပါ။ သူအရင်ဘဝက ဘာတွေများလုပ်ခဲ့မိတာလဲ ကိုယ့်သွေးသားကို ကိုယ့်လက်နဲ့ ပြန်သင်္ဂြိုလ်ရတဲ့ထိ သူ့ရဲ့ ဝဋ်ကြွေးတွေက များခဲ့ပုံရသည်။ သူနဲ့သူ့ညီမလေးက ငယ်ငယ်လေးကတည်းက ဖခင်ရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ဒါကြောင့်မို့ သူ့အလှည့်ရောက်ရင်သူ့သားသမီးကို ဒီလိုမဖြစ်စေရဘူးဟု သန္ဓိဌာန် ချခဲ့ပေမယ့်လည်း အခုတော့ တစ်ယောက်က သေဆုံးပြီး တစ်ယောက်ကို လျစ်လျူရှုထားမိသည် ...

ဥပက္ခာတံတိုင်းWhere stories live. Discover now