ကျွန်တော် သူ့ကို တစ်ခွန်းပဲ မေးဖို့ရှိတာကြောင့်
မင်း ငါ့မျက်လုံးကိုသေချာကြည့် မင်းငါ့ကို နဲ"လေးတောင်မချစ်ခဲ့တာလား လို့ မေးလိုက်တယ်
သူကလည်း ဟုတ်တယ်တဲ့
ပြီးတော့ သူ့ဘဝမှာ lilyကိုပဲ လက်ထပ်ချင်တာ lilyကိုပဲ လိုချင်တာ likyကလွှဲရင် ဘယ်သူ့ကိုမှ မချစ်နိုင်တာမို့ ဒီတောအတွင်း အရာရာတိုင်းအတွက် ကျေးဇူးပါ တဲ့လေFourth Nattawatဆိုတဲ့ ကျတော်က ကျွန်တော့်အနားမှာမနေချင်တဲ့သူကို ဘာအတွက်ကြောင့်နဲ့မှ မဆွဲထားချင်တာမို့
မင်းသဘောပဲ ကိုကို ဒီတောအတွင်း မင်းကို ကိုကိုလို့အမြဲခေါ်ချင်နေခဲ့တာ နောက်ဆုံးအနေနဲ့ ခေါ်လို့ရတယ်မလား လို့မေးတော့
သူ့မျက်ဝန်းထဲမှာ ဘာခံစားချက်မှမရှိသလိုမျိုးနဲ့ ပြန်ပြောလာတာက ရပါတယ်တဲ့လေကျွန်တော်နည်းနည်းတော့ ဝမ်းနည်းမိပေမယ့် ထပ်ပြောမိလိုက်တာက ငါတို့ သူငယ်ချင်းအဖြစ်ရော ဆက်ရှိနေလို့ရမလားဆိုပြီးလေ
သူကလည်း ရတာပေါ့တဲ့
ဒီလိုနဲ့ ကျွန်တော်ဆေးရုံကပြန်ဆင်းလာပြီး အချိန်တွေလည်း ပုံမှန်လည်ပတ်နေရင်း ကျွန်တော်တို့ တက္ကသိုလ်တက်မဲ့အချိန်ရောက်လာခဲ့တယ်
ဒီတောအတွင်း ဂျမ်နဲ့စေ့စပ်ထားတဲ့တစ်ယောက်က ကျွန်တော်နဲ့ဂျမ်ကို အတူရှိနေတာမကြိုက်လို့ ကျွန်တော်တို့ဘယ်သွားသွား သူလိုက်တယ် Fourth Nattawat ဆိုတဲ့ကျွန်တော်က အဲ့လောက်လူမှုရေးနားမလည်တဲ့သူမဟုတ်ပါဘူး စေ့စပ်ထားသူရှိမှန်းသိရက်နဲ့တော့ ရှေ့ဆက်မတိုးဘူး
တစ်နေ့ ကျွန်တော် ဂျမ့်ဆီသွားလည်တုန်း သူနဲ့စေ့စပ်ထားတယ်ဆိုတဲ့တစ်ယောက်ပါ ရောက်လာတယ် အဲ့အစ်မက ဂျမ့်ကို အအေးဖျော်ခိုင်းပြီး ဂျမ့်အခန်းထဲမှာ ကျတော်တို့နှစ်ယောက်ပဲ ကျန်ခဲ့တယ် အဲ့အချိန်မှာ အစ်မလီလီက ကျွန်တော့်ကို ပြောတယ် သူ့သတို့သားလောင်းနဲ့ဝေးဝေးနေလို့ရမလားတဲ့ ကျွန်တော်တို့က ဘာမှမဟုတ်တော့တာမို့ အမစိတ်ရှင်း"ထားလို့ရပါတယ်လို့ပြောလိုက်တယ်
အဲ့အစ်မက လက်မခံပဲ မင်းအသာတကြည်မထွက်သွားရင် မင်းကိုဂျမ်ကိုယ်တိုင်က နှဂ်ထုတ်အောင်လုပ်ပြမယ်ဆိုပြီး အဲ့အချိန်မှာ ဂျမ်ကရောက်လာတဲ့အချိန် အစ်မလီလီက သူ့လက်သူ ဓါးနဲ့ခြစ်ချလိုက်တယ် ဂျမ်က အအေးခွက်ကို ပြစ်ချပြီး သူ့သတို့သမီးလောင်းကို စိတ်ပူတဲ့မျက်လုံးနဲ့ကြည့်ပြီး ဘာဖြစ်တာလဲလို့မေးတယ်
အဲ့အချိန်မှာ အစ်မ လီလီက မျက်ရည်ချူပြီး မောင်နဲ့စေ့စပ်ထားတာကို ဖျက်လိုက်တဲ့ မဖျက်ရင် မကို သတ်ပြစ်မယ်ဆိုပြီး ချိန်းခြောက်တယ် မောင် ဆိုပြီးပြောတော့
ဂျမ့်ရဲ့ ဒေါသထွက်နေတဲ့အကြည့်တွေက ကျွန်တော့်ဆီရောက်လာတယ် အဲ့ဒီနောက်
မင်းကို ငါသေချာပြောထားတယ်မလား P'ကလွှဲရင် ဘယ်သူမှမချစ်နိုင်ဘူး ငါလက်ထပ်မဲ့သူကလဲ P'ပဲ မင်းကိုလဲ သူငယ်ချင်းသံေယာဇဥ်ထောက်ပြီး P'က မပေါင်းခိုင်းတာတောင် ဆက်ပေါင်းခဲ့တာ အခုတော့ မင်းကိုအများကြီး စိတ်ပျက်မိတယ် Fourth ဆိုပြီးပြောလာတယ်
ကျွန်တော် Fourth Nattawat ရဲ့ဘဝမှာ အမုန်ဆုံးလူက ကျွန်တော့်ကို မယုံကြည်တဲ့သူပဲ အဲ့ဒါကြောင့် အရင်ထဲကရှိတဲ့မာနက ဇောဂ်းကြွလာပြီး မင်း အဲ့ဒီကောင်မ စကားကိုယုံပြီး ငါ့ကိုရှင်းပြခွင့်မပေးပဲ မင်းထင်ရာတွေပဲလျှောက်ပြောနေတယ်ပေါ့ အေး ငါလဲမင်းကို စိတ်ပျက်တယ် ငါတို့နောက်ထပ်လည်း ထပ်မတွေ့ကြရအောင် ငါ့ကိုလည်းမသိသလိုနေပေး ဆိုပြီး ပြောပြီး ကျွန်တော် ပြန်လာခဲ့လိုက်တယ်
နာလားဆိုတော့ အရမ်းနာတယ် ရင်ထဲက.....*****
စိတ်ရရင် ရသလို upပေးပါ့မယ် မကောင်းမကန်းလေးကို စောင့်ပေးကြလို့လဲ ကျေးဇူးပါနော်

YOU ARE READING
SHADOW
Short Storygemfot fic လေးတစ်ပုဒ်ရေးချင်လို့ အရှည်ကြီးမရေးနိုင်လို့ short storyလေးပဲရေးမှာပါ