#Unicode
"ဒါဆိုရင် Yeon Wooကရော.. ငါတို့လို အချိန်ခရီးသွားတဲ့သူဖြစ်နိုင်လား..."
Yoongi ရဲ့စကားကို Taehyung အလေးအနက်ထားကာ စဥ်းစားကြည့်လိုက်သည်။ ဖြစ်နိုင်ချေနည်းသော်လည်း မဖြစ်နိုင်တာတော့မဟုတ်ပေ ။ အကယ်၍ Taehyung တို့နှင့် အတူတူသာဆိုရင် Taehyung ပိုပြီး အနေရခက်သလို ၊ ပိုပြီးရှက်ရွံ့ရလိမ့်မည် ။ ယောက်ျားလေးတွေနှင့် Taehyung မပတ်သက်လိုဘူး ၊ လက်မခံဘူးဟု အပြတ်ငြင်းခဲ့သော်လည်း ယခုမှာတော့ Taehyung ကယောက်ျားများစွာနှင့် ပတ်သက်နေခဲ့ရသည် ။ အဲ့ဒီအပြင် Yeon Wooအပေါ် Taehyung ပြုမူပြောဆိုခဲ့သည်မှာလွန်သွားခဲ့၏ .... အရက်ရဲ့ တန်ခိုးအပြင် လူအများရှေ့မှာ ယောက်ျားတစ်ယောက်ရဲ့ ဖွင့်ပြောခြင်းကို ခံရသည်ကြောင့် Taehyung ရှက်ပြီး အဲ့ဒီလောက်အထိဖြစ်သွားခဲ့ရတာဖြစ်သည်။
ပြန်တွေးမိတိုင်း Taehyung စိတ်မကောင်းဖြစ်ရသည် ။ Yeon Woo ကိုမျက်နှာပြဖို့ပင် Taehyung မဝံ့ရဲတော့ပါပေ ။"Taehyung ... ငါပြောတာကြားလား ... မင်း Yeon Woo နဲ့တွေ့ပြီးပြီလားလို့"
Yoongi အော်လိုက်တော့မှ Taehyung အတွေးလွန်နေရာကနေ သတိပြန်ဝင်လာခဲ့သည် ။
"ငါမတွေ့ရသေးဘူး"
မတွေ့ရဲတာဆိုလျှင် ပိုမှန်ပါလိမ့်မည် ။ Yeon Woo ကအချိန်ခရီးသွားလာသည်ဆိုလျှင်လည်း Taehyung အနေရခက်သည် ၊ ဒီကလူဖြစ်နေမယ်ဆိုလျှင်လည်း ရုပ်ချင်းတူနေသည်မို့ Taehyung မတွေ့ရဲသေးပေ ။ ဘာပဲဖြစ်ဖြစ် Yeon Woo ဖြစ်နေသည်မို့ Taehyung ရင်မဆိုင်ရဲတာဖြစ်ပါသည် ။
"မင်း တွေ့ကြည့်သင့်တယ်...ငါတို့ဒီကိုရောက်လာတာ သူနဲ့ဆိုင်တယ်လို့ထင်တယ်။ အဲ့ဒီညက Yeon Woo ကျိန်စာတိုက်ပြီးတဲ့နောက် မင်းရော ၊ ငါရော အခုလိုဖြစ်လာခဲ့တာ"
Taehyungလည်း အဲ့ဒီလိုတွေးမိပါသည် ။ အဲ့ဒီညက ကျိန်စာကို Taehyung ကောင်းကောင်းမှတ်မိနေသေး၏ ။ နားထဲမှာ ကြားယောင်လာပြီး ကြက်သီးပင်ထရသည်။
အကယ်၍ Taehyung တို့ကြုံတွေ့နေရသည်က Yeon Woo ရဲ့ကျိန်စာကြောင့်ဆိုရင် Taehyung တို့အိမ်ပြန်နိုင်အောင် ကူညီပေးနိုင်သူကလည်း Yeon Wooသာရှိသည် ။"ငါသေချာပြင်ဆင်ပြီးရင် သူနဲ့တွေ့ကြည့်လိုက်ပါ့မယ်...."
-
-
-

YOU ARE READING
My Dangerous Husband
FanfictionGay ဆိုတာကိုလက်မခံနိုင်တဲ့ Kim Taehyung ဆိုတဲ့ အဖြောင့်ကောင်လေးတစ်ယောက် ကျိန်စာတစ်ခုကြောင့် ယောက်ျားတွေပဲရှိတဲ့တိုင်းပြည်တစ်ခုကိုရောက်လာခဲ့ပြီး ယောက်ျားများစွာရဲ့ နှစ်သက်စွဲမက်ခြင်းကိုခံရတဲ့အခါ....