ဂျွန်အီသန်ရဲ့စိတ်တွေ တော်တော်ကျသွားသည် အခုဆိုရင် ထယ်ယောင်း သတိမရတော့တာ တစ်ပတ်ရှိနေပြီ ဆေးပိုက်တန်းလန်းနဲ့ လက်သွယ်သွယ်လေးတွေကိုကြည့်ကာ အီသန်တော်တော်လေး၀မ်းနည်းမိသည် ဟိုအပျက်မလေး ဂင်မ်ယူနာသာ ဒီလိုတွေမလုပ်ခဲ့ရင် သူသာအဲ့နေ့က အဲ့ကိုမသွားခဲ့ရင် သူချစ်ရတဲ့ ထယ်ယောင်းလည်း ဒီလိုတွေဖြစ်လာစရာအကြောင်းမရှိ စဉ်းစားနေရင်း မျက်ရည်တို့ဟာ ကျဆင်းလာသည် အီသန်ငိုလိုက်သောမျက်ရည်စက်တို့ဟာ ထယ်ယောင်းရဲ့နှာတံထိပ်က မှဲ့ပေါ်သွားကျသည် ထယ်ယောင်းရဲ့ လက်ကလေးတွေကလှုပ်ရှားလာသည် ဂျွန်အီသန်ပျော်ရွှင်သွားရသည် ထယ်ယောင်းရဲ့ မျက်လုံးတွေတစ်ဖြေးဖြေးချင်းစီပွင့်လာသည်
"ထယ် မောင့်အသက်"
"ဖယ်စမ်း!"
"ထယ်! မောင်လေ မောင်လေကွာ"
"ရွံတယ်! ငါ့ကိုလာမထိနဲ့ မင်းကိုရွံတယ်"
"မောင်ရှင်းပြမယ်"
"အား..!"
"ထယ်ရေ ထယ် သတိထားပါအုံး"
နံရံပေါ် ရှိ အချက်ပေးခလုတ်ကိုနှိပ်ကာ
"သီးသန့်လူနာဆောင် အခန်း119ကိုမြန်မြန်လာပေးပါ"
ဆရာ၀န်တွေဝုန်းဒိုင်း အပြေးအလွှားရောက်ရှိလာသည် ထယ်ယောင်းခမျာ ကုတင်ပေါ်မှာ သတိမေ့မျောစွာပင်
"ခနလောက် ဖယ်ပေးပါ"
အီသန်ရဲ့ စိတ်လှုပ်ရှားမှုတေဟာ အထွပ်အထိပ်ပင် ထယ်ယောင်းသူ့ကို နားလည်မှုလွဲနေတာတွေကို ဖြေရှင်းရမည် သူဆုတောင်းမိသည် ထယ်ယောင်း ထားမသွားဖို့ရယ် စိတ်မပျက်ဖို့ရန်ပင်
"ကလေးကို ကျွန်တော်တို့ ခွဲထုတ်မှဖြစ်ပါ့မယ် လူနာက သတိမေ့မျောနေရင် ကလေးအတွက်စိုးရိမ်ရပါတယ် အဲ့ကြောင့်မို့ ခွဲထုတ်ရန် လက်မှတ်လေးတစ်ချက်ထိုးပါ လူနာရှင်"
"ဟုတ်ကဲ့"
ထယ်ယောင်းကို အော်ပရေးရှင်း သားဖွားမီးရပ်ခန်းကိုခေါ်ဆောင်သွားကြသည်
အီသန်ဟာ ဘာသာမဲ့တစ်ယောက်ဖြစ်ပေမဲ့ အခုချိန်မှတော့ ရှိသမျှဘုရားအကုန်လုံးကို ထယ်ယောင်းကိုစောင့်ရှောက်ပေးဖို့ ဆုတောင်းနေမိသည်
မှုန်ဝါးနေတဲ့ မှန်ကနေတစ်ဆင့် ထယ်ယောင်းရဲ့ မျက်နှာလေးကိုလှမ်းကြည့်မိသည် စိတ်ကလည်းအဆင်ပြေမှာပါဆိုပြီး မျှော်လင့်မိသည် ကိုယ့်ခလေးလေးကိုလည်းမြင်ချင်မိသည်