#Unicode
Taehyung ရဲ့ကိုယ်လုပ်တော်ဆိုသူတွေထဲက တချို့နှင့်အတူ အရက်သောက်ရင်း စကားစမြည်ပြောနေလိုက်သည် ။ အစမှာတော့ Taehyungဟာ ယွီဟွာရဲ့အုပ်ချုပ်သူအရှင်သခင်ဖြစ်နေသည်မို့ ကိုယ်လုပ်တော်များမှာ ရှိန်နေကြသေးသည် ။ သို့ပေမဲ့ Taehyung ကသဘောကောင်းပေးလိုက်ပြီး အရက်ကလေးအနည်းငယ်လည်းဝင်လာကြတာကြောင့် ရဲလာကြသည် ။ ပြောရဲဆိုရဲနှင့် သူငယ်ချင်းတွေလိုတောင်ဖြစ်လာ၏ ။
"မင်းတို့ များများသောက်.. ပြီးရင် ငါသိချင်တာတွေကိုလည်းပြောပြ.. လွတ်လွတ်လပ်လပ်ပဲနေကြ"
Taehyung လည်းတစ်ခွက်တလေသောက်ရင်းဖြင့် ကိုယ်လုပ်တော်များ၏မျက်နှာကို အကဲခတ်နေလိုက်သည် ။ ထိုအထဲကနေ ဘာမှမသောက်မစားဘဲ Taehyung နံဘေးနားမှာထိုင်နေသည့် တစ်ယောက်အနားသို့ တိုးကပ်လိုက်ပြီး
"မင်းရဲ့နာမည်က ဘယ်သူလဲ"
"ဆိုဟွန်းပါ အရှင်သခင်..."
ဆိုဟွန်းဆိုသည့်ကောင်လေးက ငယ်ရွယ်သေးပုံရ၏ ။ မျက်နှာလေးကလည်း နုဖက်ကာ ကလေးအရွယ်ပုံစံလေးပင် ။
"မင်းရဲ့အသက် ဘယ်လောက်ရှိနေပြီလဲ"
"၂၀ပါ အရှင်သခင် "
အသက်မပြည့်သေးလောက်ဘူးဟု Taehyung ထင်မှတ်ထားပေမယ့် ဆိုဟွန်းက အသက် ၂၀ ပြည့်ပြီဟုပြောသည် ။ဘာပဲဖြစ်ဖြစ် အသက် ၂၀ဆိုသည်မှာလည်း ငယ်ရွယ်လွန်းသည်မဟုတ်လား ။
"အရမ်းငယ်တာပဲ..ငါ့ဆီမှာ ကိုယ်လုပ်တော်ဘယ်နှစ်ယောက်ရှိလဲသိလား"
Taehyung ရဲ့မေးခွန်းအား ဆိုဟွန်းက တွေးဆဆဖြင့် လုပ်ပြီး
"၅၀ပါ အရှင်သခင်.."
"မင်းက အငယ်ဆုံးဖြစ်မယ်ထင်တယ်"
"ဟင့်အင်း .. အရှင်သခင် ကိုယ်လုပ်တော်အဖြစ် ကောက်ထားတဲ့သူတွေထဲမှာ Jeon Jungkook ကအငယ်ဆုံးပါ.. သူ့အသက်က ၁၈နှစ်ပဲရှိသေးတယ်"
Jeon Jungkook ဆိုသည်မှာ ဟွန်းဟူတစ်ခါကပြောဖူးသည့် ယွီဟွာအုပ်ချုပ်သူရဲ့ အချစ်ရဆုံး ယောက်ျား တစ်ဖြစ်လဲ နပန်းသမားတစ်ယောက်ပင်မဟုတ်လား။
ထိုကောင်လေးက ၁၈နှစ်ပဲရှိသေးသည်တဲ့လား... အတော်လေးငယ်ရွယ်နေသေးသည်။
ထိုမျှလောက်သာရှိသေးသည့် ကောင်လေးက Taehyung ကို ကိုင်ပေါက်နိုင်သည်ဆိုတော့ တော်ရုံတန်ရုံမဟုတ် ။

YOU ARE READING
My Dangerous Husband
FanfictionGay ဆိုတာကိုလက်မခံနိုင်တဲ့ Kim Taehyung ဆိုတဲ့ အဖြောင့်ကောင်လေးတစ်ယောက် ကျိန်စာတစ်ခုကြောင့် ယောက်ျားတွေပဲရှိတဲ့တိုင်းပြည်တစ်ခုကိုရောက်လာခဲ့ပြီး ယောက်ျားများစွာရဲ့ နှစ်သက်စွဲမက်ခြင်းကိုခံရတဲ့အခါ....