အခန်း (၁၆)

8.6K 130 1
                                        

အရှိန်ပြင်းစွာ ထိကပ်လာတဲ့ နှုတ်ခမ်းတစ်စုံ

ဘာလို့လဲ ဘာကြောင့်လဲ ၊ ဘာကြောင့် မင်းတို့က
ငါ့ဘဝထဲကို ဒီလိုပုံစံနဲ့ဝင်လာရတာလဲ။ ငါ့သွေးသားကို မွေးပေးတဲ့သူက အရင်က ငါ့သွေးသားကို သတ်ခဲ့တဲ့သူ ဖြစ်နေတယ် ဆိုတဲ့ အသိတရားကြီးနဲ့ ငါဘယ်လိုရှေ့ဆက်ရမှာလဲ။ ငါဘယ်လို တမလွန်က ဇနီးနဲ့သမီးကို မျက်နှာပြရမှာလဲ၊  ဒီလို အမြဲငါက တွေးနေခဲ့တာ ဒါပေမယ့်လွန်ခဲ့တဲ့လတွေကစပြီး မင်းတို့နှစ်ယောက်ကို ပစ်ပယ်ဖို့ အတွေးမရှိခဲ့တော့ဘူး ၊  အနည်းဆုံးတော့ ငါ့အိမ်ပေါ်မှာ ငါ့ အမည်ခံဇနီးအနေနဲ့ ငါ့အမည်ခံ သမီးအနေနဲ့ လက်ခံဖို့ တွေးနေခဲ့တာ အဲ့လိုတွေးနေတဲ့ ငါ့ကို မင်းအရူးလုပ်သွားတာ ငါမခံနိုင်ဘူး ကြည့်နေသဒ္ဒါဖြူ ငါမင်းကို တစ်ခြားဘယ်သူ့ကိုမှ မျှော်မကြည့်ရဲအောင် သုံးဆောင်ပြမယ် ...

ဖြူ ရှိသမျှ အားနဲ့ သူမရဲ့ နှုတ်ခမ်းတွေကို အတင်းစားသုံးနေသောသူကို တွန်းလွှတ်လိုက်တယ်

"ကဲဟာ"

ဖျန်း

တစ်ဆက်တည်းမှာပဲ ကျယ်လောင်တဲ့ ပါးရိုက်သံ
ဟာ တစ်အိမ်လုံးကို လွှမ်းခြုံသွားမတတ် ထွက်ပေါ် လာတယ်

သူမရဲ့ ရိုက်ချက်ကြောင့် မာန့်ရဲ့ လည်ပင်းဟာ တစ်ဖက်ကို စောင်းငဲ့သွားရတယ်။ ပြန်လည် ကြည့်လာချိန်မှာတော့ မာန့်ရဲ့ မျက်နှာမှာ ဖော်ပြမရနိုင်တဲ့ခံစားမှုတွေကို ဖြူ ခံစားနေမိပါပြီ ။

ဘယ်အရာရဲ့လှုံ့ဆော်မှုကြောင့်လည်း ဆိုတာ မသေချာပေမယ့် ဖြူ ထိုလူဆီကနေထွက်ပြေးဖို့ကြိုးစားချိန်မှာပဲ သူက ဖြူ့ကို ခါး‌ကနေ ဆွေခနဲ့
ကိုင်လိုက်တာများ ဖြူကိုယ်တိုင်ပင် ဘာဖြစ်လို့ဖြစ်သွားမှန်းမသိလိုက်ရ သတိဝင်လာချိန်မှာ ထိုလူက သူမကို အပေါ်ထပ်ကို ဆွဲခေါ်နေမှန်း သိလိုက်ရတော့

"လွှတ် ရှင်လွှတ် !!! "

ရှိသမျှ အားနှင့်ရုန်းကာ ထွက်သမျှအသံနှင့် အော်လိုက်သည် ...

ဘုန်း

ဖြူ သူမကို နံရံဖက်ကိုတွန်းကာ ပါးတွေကို ဖျစ်ညှစ်ကိုင်လာတဲ့ သူက လုံးဝကို သူမ သိခဲ့တဲ့
မာန်တွေနဲ့ ကွားခြားလွန်းလှသည်။ အတ္တလို့ ခေါင်းစဉ်မတပ်နိုင်တဲ့ ခံစားချက်၊ မာနလို့ မခေါ်နိုင်တဲ့ အရာ ၊ အမုန်း မဟုတ်တဲ့ ကြောက်ရွံ့ခြင်းများလား

ဖြူ သူမရဲ့ ဦးနှောက်ကို လျှပ်စီးလိုမျိုးအလုပ်
ပေးမိသည်။ သူ့ရဲ့ လက်တွေ ပိုမိုတင်းကြပ်လာချိန်မှာတော့

"အား"

"မင်းလို မိန်းမမျိုးက ‌ယုံစားလို့ မရတဲ့မိန်းမမျိုးပဲ ၊ မင်းနောက်ထပ် တစ်ခြားသူတွေကို ငါ့လိုမျိုး မလှည့်စားနိုင်အောင်လို့ ငါ လုပ်ပေးမယ်"

"ဖယ်! "

"ရှင် ဘာကိုဆိုလိုချင်မှန်းမသိပေမယ့် ကျွန်မကို မထိပါနဲ့၊ ရှင်နဲ့ရှင့်မိသားစုစိတ်ကြိုက် ကျွန်မနဲ့ ကျွန်မသမီးက ဝဋ်တွေပေးဆပ်နေရပြီပဲ ရှင်မကြိုက်ရင် ကျွန်မနဲ့ သမီးကို လွတ်လပ်ခွင့်သာပေူလိုက် "

"အဟက်"

"ရယ်ရသားပဲ ဒေါ်သဒ္ဒါဖြူ၊ မင်းကို ငါဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး။ မင်းကို တစ်သက်လုံး ငါ့အနားကနေ ထွက်မသွားနိုင်အောင် မဟုတ်ဘူး ထွက်မသွားရဲအောင် မင်း ကို အသုံးတော်ခံခိုင်းမှာ "

"ရှင် ရှင် ဘာစကားပြောတာလဲ!"

" မင်းကို ငါ့ရဲ့ အပျော်မယားလုပ်ခိုင်းမို့လေ "

"ရှင် ...."

"ငြင်းရဲရင်ငြင်းကြည့်လိုက်လေ တရားရုံးတက်ပြီး ကလေးထိန်းသိမ်းခွင့် တောင်းပလိုက်မယ် "

မာန့်စကားကြောင့် ဖြူလန့်သွားရသည်။ အုပ်ထိန်းခွင့်တောင်းရင် သေချာပေါက် သူမရှုံးမှာပင်။ ဘာကြောင့် ဘာကြောင့် သူဒီလို လုပ်ရက်ရတာလဲ။

"ကဲငြင်းဦးမလား"

သူမဘဝက ဒီလိုပါပဲ အမြဲ အနှိမ်ခံ၊ အဖိနှိပ်ခံခဲ့ရတာ * တဖြည်းဖြည်းနဲ့ သူမခေါင်းကို စောင်းငဲ့လိုက်တဲ့ အခါမှာ မာန့်ရဲ့ ခနဲ့တဲ့တဲ့အပြုံးနဲ့အတူ သူမရဲ့ လည်ပင်းသားတွေဆီမှဆစ်ခနဲ နာကျင်မှုကို ခံစားလိုက်ရသည်* အကယ်၍ အကယ်၍ များသာ သူမ နေ့လယ်က တွေ့ခဲ့တဲ့ လူရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ရင်၊ ဟင့်အင်း သူမ...သူမ လက်မခံနိုင်ဘူး ...

ထိုနေ့ညက သူမရဲ့ မျက်ရည်တွေတဲ့အတူ သူမရဲ့ အသွေးအသားတွေ စားသုံးခံရတဲ့ ဒုတိယ ညဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ကြိုတင်မှန်းဆနိုင်ခဲ့မှာလဲ....

( နောက်ကျမှ တင်ဖြစ်လို့ အားနာပါတယ်ရှင်။ အခုတလော အလုပ်တွေများနေတာကြောင့် စာရေးဖို့ မလှည့်နိုင်သေးတာပါရှင် ။ update ကို ပုံမှန်တင်နိုင်အောင် ကြိုးစားပါမယ်ရှင်)





ဥပက္ခာတံတိုင်းWhere stories live. Discover now